HomeSportနီကိုးလပ်စ်ပီပီအတွက် လက်မလျှော့သေးသည့် ယူနိုက်တက်နဲ့လီဗာပူးအသင်း။

နီကိုးလပ်စ်ပီပီအတွက် လက်မလျှော့သေးသည့် ယူနိုက်တက်နဲ့လီဗာပူးအသင်း။

- Advertisement -

ပရီးမီးယားလိဂ် ကလပ်နှစ်သင်းဖြစ်သည့် လီဗာပူးအသင်းနဲ့ ယူနိုက်တက်အသင်းတို့သည် လိုင်လီအသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား တစ်ဦးဖြစ်သူ နီကိုးလပ်စ်ပီပီကို ခေါ်ယူရန်အတွက် လက်မလျှော့သေးကြောင်း သိရှိရပါတယ်။ အဆိုပါ အိုင်ဗရီကို့စ်လက်ရွေးစင် ကစားသမားသည် ပြီးခဲ့သည့် ဘောလုံးရာသီက လိုင်လီအသင်းအတွက် သွင်းဂိုး (၃၇) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်သီးအသင်းများက နီကိုးလပ်စ်ပီပီကို ခေါ်ယူရန်စိတ်ဝင်စားလျက် ရှိနေကြခြင်းလည်း ဖြစ်ပါတယ်။

အင်တာမီလန်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကလည်း နီကိုးလပ်စ်ပီပီအတွက်  ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) ဖြင့်ကမ်းလှမ်းသွားရန် ပြင်ဆင်နေပြီး ချဲလ်ဆီးအသင်းကလည်း အပြောင်းအရွှေ့ပိတ်ပင်သည့် ပြစ်ဒဏ်ကျမခံရခင်က ဟာဇက်ရဲ့နေရာကို အစားထိုးရန်အတွက် နီကိုးလပ်စ်ပီပီကို စိတ်ဝင်စားခဲ့ပါသေးတယ်။ လိုင်လီအသင်းအနေနဲ့လည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ကို တောင်းဆိုရန် ပြင်ဆင်နေသည့်တိုင်အောင် လီဗာပူးနဲ့ယူနိုက်တက်အသင်းတို့ကမူ လက်ရှိအချိန်အထိ နီကိုးလပ်စ်ပီပီကို ခေါ်ယူနိုင်ရန်အတွက်  မျှော်လင့်နေဆဲဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို  ပြောင်းရွှေ့ရန်စိတ်ဝင်စားနေကြောင်း သတင်းများကဖော်ပြခဲ့ကြပါတယ်။

 

Source ~ Sportsmole

- Advertisement -

#HM(Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen − three =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...