HomeEntertainmentVenom – 2 မှာ ဆက်လက်ပါဝင် သရုပ်ဆောင်ဦးမယ့် Tom Hardy

Venom – 2 မှာ ဆက်လက်ပါဝင် သရုပ်ဆောင်ဦးမယ့် Tom Hardy

- Advertisement -

၂၀၁၈ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Venom ဇာတ်ကားဟာ ပရိသတ်တွေ တစ်ခဲနက် အားပေးမှုရရှိခဲ့ပြီး နောက်ဆက်တွဲ နံပါတ် (၂) ကို ဆက်လက်ရိုက်ကူးသွားမယ်လို့ Tom Hardy မှ အတည်ပြုပြောကြားခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေဖြစ်ကြတဲ့ Amy Pascal နဲ့ Fandango တို့မှလည်း “ Venom ဇာတ်ကောင်ကို Tom Hardy က အကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲဇာတ်ကားမှာလည်း Tom နဲ့ပဲ ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပါတယ် . . . ” ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Venom ဇာတ်ကားဟာ ကမ္ဘာတစ်ဝှမ်း ရုံတင်ပြသခဲ့ပြီးနောက် ဝင်ငွေဒေါ်လာ ၈၅၅ သန်းကျော် ရရှိကာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး Tom Hardy ကပဲ Venom – 2 မှာ ဆက်လက်ပါဝင်လာတာကို ပရိသတ်တွေ ဝမ်းသားကျေနပ်ခဲ့ကြပြီး နောက်ဆက်တွဲဇာတ်ကားမှာလည်း အောင်မြင်မှုရရှိမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်လျက်ရှိပါတယ်။ ထို့အပြင် Tom Hardy ရဲ့ Venom နောက်ဆက်တွဲဇာတ်ကားမှာ အခြား Marvel ဇာတ်ကောင်တွေ ပါဝင်နိုင်ဦးမလားဆိုတာကိုတော့ ပရိသတ်များက စိတ်ဝင်စားလျက်ရှိပါတယ်။ အချို့ ရုပ်ရှင်ခန့်မှန်းသူတွေအနေနဲ့လည်း Tom Holland ရဲ့ Spider Man ဇာတ်ကောင်ဟာ Venom – 2 မှာ ပါဝင်လာနိုင်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။

“ တကယ်လို့ Spider Man သာ Venom ဇာတ်ကားထဲမှာ ပါဝင်လာမယ်ဆိုရင်တော့ ပရိသတ်တွေအနေနဲ့ အလွန်ပဲ ပျော်ရွှင်ကြမှာဖြစ်ပါတယ်။ ဟာသညဏ်ရွှင်တဲ့ ဇာတ်ကောင်တွေပီပီ ဘယ်လိုအလွဲတွေကနေ အကောင်းဆုံး ပူးပေါင်းသရုပ်ဆောင်သွားမလဲဆိုတာ အလွန်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ် . . . ” ဆိုပြီး ရုပ်ရှင်ခန့်မှန်းသူတစ်ယောက်ဖြစ်တဲ့ Pascal မှ သူမရဲ့ ထင်မြင်ယူဆချက်ကို ပြောကြားခဲ့ပါတယ်။

<Unicode Version>

- Advertisement -

 

Venom – 2 မွာ ဆက္လက္ပါဝင္ သရုပ္ေဆာင္ဦးမယ့္ Tom Hardy

- Advertisement -

၂၀၁၈ ခုႏွစ္တုန္းက ရိုက္ကူးခ့ဲတ့ဲ Venom ဇာတ္ကားဟာ ပရိသတ္ေတြ တစ္ခဲနက္ အားေပးမႈရရွိခ့ဲၿပီး ေနာက္ဆက္တြဲ နံပါတ္ (၂) ကို ဆက္လက္ရိုက္ကူးသြားမယ္လို႕ Tom Hardy မွ အတည္ျပဳေျပာၾကားခ့ဲပါတယ္။ ရုပ္ရွင္ထုတ္လုပ္သူေတြျဖစ္ၾကတ့ဲ Amy Pascal နဲ႕ Fandango တို႕မွလည္း “ Venom ဇာတ္ေကာင္ကို Tom Hardy က အေကာင္းဆုံးသရုပ္ေဆာင္ခ့ဲၿပီး ေနာက္ဆက္တြဲဇာတ္ကားမွာလည္း Tom နဲ႕ပဲ ဆက္လက္ရိုက္ကူးသြားမွာျဖစ္ပါတယ္ . . . ” ဆိုၿပီး အတည္ျပဳေျပာၾကားခ့ဲပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက ရိုက္ကူးခ့ဲတ့ဲ Venom ဇာတ္ကားဟာ ကမာၻတစ္ဝွမ္း ရုံတင္ျပသခ့ဲၿပီးေနာက္ ဝင္ေငြေဒၚလာ ၈၅၅ သန္းေက်ာ္ ရရွိကာ ေအာင္ျမင္တ့ဲ ဇာတ္ကားတစ္ကားျဖစ္ခ့ဲပါတယ္။ အခုလိုမ်ိဳး Tom Hardy ကပဲ Venom – 2 မွာ ဆက္လက္ပါဝင္လာတာကို ပရိသတ္ေတြ ဝမ္းသားေက်နပ္ခ့ဲၾကၿပီး  ေနာက္ဆက္တြဲဇာတ္ကားမွာလည္း ေအာင္ျမင္မႈရရွိမလားဆိုတာကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႕  ေစာင့္ေမွ်ာ္လ်က္ရွိပါတယ္။ ထို႕အျပင္ Tom Hardy ရဲ႕ Venom ေနာက္ဆက္တြဲဇာတ္ကားမွာ အျခား Marvel ဇာတ္ေကာင္ေတြ ပါဝင္ႏိုင္ဦးမလားဆိုတာကိုေတာ့ ပရိသတ္မ်ားက စိတ္ဝင္စားလ်က္ရွိပါတယ္။ အခ်ိဳ႕ ရုပ္ရွင္ခန္႕မွန္းသူေတြအေနနဲ႕လည္း Tom Holland ရဲ႕ Spider Man ဇာတ္ေကာင္ဟာ Venom – 2 မွာ ပါဝင္လာႏိုင္တယ္ဆိုၿပီး ခန္႕မွန္းထားၾကပါတယ္။

“ တကယ္လို႕ Spider Man သာ Venom ဇာတ္ကားထဲမွာ ပါဝင္လာမယ္ဆိုရင္ေတာ့ ပရိသတ္ေတြအေနနဲ႕ အလြန္ပဲ ေပ်ာ္ရႊင္ၾကမွာျဖစ္ပါတယ္။ ဟာသညဏ္ရႊင္တ့ဲ ဇာတ္ေကာင္ေတြပီပီ ဘယ္လိုအလြဲေတြကေန အေကာင္းဆုံး ပူးေပါင္းသရုပ္ေဆာင္သြားမလဲဆိုတာ အလြန္ပဲ စိတ္ဝင္စားဖို႕ေကာင္းပါတယ္ . . . ” ဆိုၿပီး ရုပ္ရွင္ခန္႕မွန္းသူတစ္ေယာက္ျဖစ္တ့ဲ Pascal မွ သူမရဲ႕ ထင္ျမင္ယူဆခ်က္ကို ေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six + eight =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...