HomeEntertainmentစတင် ပြသတဲ့နေ့မှာပဲ ဝင်ငွေကောင်းရရှိခဲ့တဲ့ Toy Story - 4

စတင် ပြသတဲ့နေ့မှာပဲ ဝင်ငွေကောင်းရရှိခဲ့တဲ့ Toy Story – 4

- Advertisement -

ပြီးခဲ့တဲ့ ရက်အချို့ကမှ စတင်ရုံတင်ပြသခဲ့တဲ့ Child’s Play ဆိုတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားဟာ ဝင်ငွေအများဆုံးရရှိပြီိး နံပါတ် (၁) နေရာမှာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းထားကြပေမယ့် Toy Story – 4 က ရုပ်ရှင်ရုံပေါင်း (၄၅၇၅) ရုံမှာ ရုံတင်ပြသပြီး မမျှော်လင့်ထားဘဲ ဝင်ငွေဒေါ်လာ ၁၁၈ သန်းဖြင့် နံပါတ် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ ရုံပေါင်း (၃၀၀၇) ရုံမှာ ပြသခဲ့တဲ့ Child’s Play က ဝင်ငွေဒေါ်လာ ၁၄.၁ သန်းဖြင့် နံပါတ် (၂) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကတော့ Disney ရုပ်ရှင်ထုတ်လုပ်ရေးအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး Disney ကရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၃) ကားဟာ ဝင်ငွေအကောင်းဆုံး ရရှိခဲ့တဲ့ ဇာတ်ကားတွေအဖြစ်ရပ်တည်ခဲ့ကာ အခုဆိုရင် Toy Story – 4 ဟာလည်း စတင် ရုံတင်ပြသခဲ့တဲ့နေ့မှာပဲ မမျှော်လင့်ဘဲ ဝင်ငွေကောင်း ရရှိခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

ဆက်လက်ပြီး ဇွန်လ ၂၁ ကနေ ၂၃ ရက်နေ့အတွင်း ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၁၀) ကားကို အစဉ်အတိုင်းဖော်ပြပေးလိုက်ပါတယ်။

- Advertisement -

 

- Advertisement -

1.Toy Story 4 — $118 million
2. Child’s Play — $14.1 million
3. Aladdin — $12.2 million
4. Men In Black International — $10.8 million
5. Secret Life of Pets 2 — $10.1 million
6. Rocketman — $5.7 million
7. John Wick: Chapter 3 – Parabellum — $4.1 million
8. Godzilla: King of the Monsters— $3.7 million
9. Dark Phoenix — $3.6 million
10. Shaft — $3.6 million

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read