ဖလောရီဒါပြည်နယ်၊ မိုင်ယာမီကမ်းခြေရှိ Convenience စတိုးဆိုင်းအနီးတွင် အိမ်ခြေမဲ့တစ်ဦးကို ငွေလှူဒါန်းနေတဲ့ JB ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ရှိခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ပေါ့ပ်စတား JB ဟာ သူ့ရဲ့ ကိုယ်ပိုင်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Drew အမှတ်တံဆိပ် ဆွယ်တာနဲ့ ဘောင်းဘီတိုကိုဝတ်ဆင်ထားပြီး အိမ်ခြေမဲ့တစ်ဦးအား ငွေလှူဒါန်းခဲ့ပါတယ်။ ထို့နောက် JB တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်ရပ်ထားရာဖြစ်တဲ့ လေဆိပ်ကို ဆက်လက်ထွက်ခွာခဲ့တယ်ဆိုပြီး သတင်းရရှိပါတယ်။
အခုလို JB တစ်ယောက် အလှူအတန်း ပြုလုပ်နေချိန်မှာတော့ သူ့ရဲ့နံဘေး၌ ဇနီးချောလေး Hailey ကို တွေ့ရှိခဲ့ရခြင်း မရှိပါဘူး။ ကမ္ဘာကျော်စုံတွဲတွေဖြစ်တဲ့ JB နဲ့ Hailey တို့ဟာ သူတို့ရဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲကို စက်တင်ဘာလမှာ ကျင်းပနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး Hailey တစ်ယောက် မင်္ဂလာပွဲစီစဉ်သူတွေနဲ့ အလုပ်ရှုပ်နေတယ်လို့လည်း နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
Source – PEOPLE Magazine
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share