HomeSportနောက်ဆုံးရ ဘောလုံး သတင်းတိုများ။

နောက်ဆုံးရ ဘောလုံး သတင်းတိုများ။

- Advertisement -

ယူနိုက်တက်အသင်းသည် အသင်းကထွက်ခွာရန် ဆန္ဒရှိကြောင်းဖွင့်ဟပြောကြားခဲ့သည့် ကွင်းလယ်ကစားသမားပေါ့ဘာကို အသင်း၌ဆက်လက်ထိန်းသိမ်းထားရန်အတွက် တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းအထိ ပေးချေရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

- Advertisement -

တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် ဒါလီယန်ယီဖန်းအသင်းသည် နယူးကာဆယ်အသင်းရဲ့ နည်းပြဖြစ်သူ ရာဖေးလ်ဘင်နီတက်ဇ်ကို တစ်နှစ်လုပ်ခ ပေါင် (၁၂) သန်းဖြင့် ကမ်းလှမ်းခဲ့ပြီးနောက် နယူးကာဆယ်အသင်းအနေနဲ့ ဘင်နီတက်ဇ်ကို အသင်း၌ဆက်လက်ထိန်းသိမ်းထားရန် ခက်ခဲလာနိုင်ဖွယ်ရှိပါတယ်။

- Advertisement -

ဂျူဗင်တပ်စ်အသင်းရဲ့ ညာနောက်ခံလူတစ်ဦးဖြစ်သည့် ယာအိုကန်ဆယ်လိုသည် မန်စီးတီးအသင်းသို့  ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း Mirror သတင်းဌာနကဖော်ပြခဲ့ပါတယ်။

- Advertisement -

ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြဖြစ်သူ ရော်ဘတ်တိုမာတီနက်ဇ်သည် သူ့ရဲ့လက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ လူကာကူကို ယူနိုက်တက်အသင်းမှ ထွက်ခွာရန်တိုက်တွန်း ပြောကြားသွားကြောင်း သိရှိရပါတယ်။ လူကာကူသည် လက်ရှိနွေရာသီ အပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းကို စွန့်ခွာရန် သတင်းများထွက်ပေါ်နေပြီး လူကာကူကိုခေါ်ယူရန်အတွက် စီးရီးအေကလပ် အသင်းတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်းက အပူတပြင်းကြိုးစားလျက်ရှိပါတယ်။

စပိန်လာလီဂါကလပ် အီဘာအသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူ ယိုအန်ဂျော်ဒန်သည် မကြာမီအချိန်အတွင်း လန်ဒန်အားကစားကွင်းသို့ ဆေးစစ်မှုခံယူရန် ရောက်ရှိလာဖွယ်ရှိနေပါတယ်။ ဝက်စ်ဟမ်းအသင်းသည် အသက် (၂၄) နှစ်အရွယ် အဆိုပါကစားသမားကို ခေါ်ယူရန်အတွက်  ပြောင်းရွှေ့ကြေး ပေါင် (၁၃.၄) သန်း ပေးချေရန် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း စပိန်နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်သည့် မာကာသတင်းစာမှ ဖော်ပြခဲ့ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read