HomeEntertainmentKaty Perry နဲ့ Taylor Swift တို့ရဲ့ ချစ်စရာမြင်ကွင်း။

Katy Perry နဲ့ Taylor Swift တို့ရဲ့ ချစ်စရာမြင်ကွင်း။

- Advertisement -

Taylor Swift တစ်ယောက် သူမရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ Lover အခွေ၌ပါဝင်သည့် “You Need to Calm Down” ဆိုသည့် သီချင်းဗီဒီယိုကို ပရိသတ်များရှေ့မှောက်သို့ ချပြလိုက်ပြီဖြစ်ပါတယ်။ Taylor Swift ဟာ အဆိုပါဗီဒီယိုကို ပြီးခဲ့သည့် တနလာင်္နေ့ မနက်က ပရိသတ်များထံ မျှဝေခဲ့ခြင်းဖြစ်ပြီး အဆိုပါဗီဒီယို၌ Katy Perry က ဟမ်ဘာဂါဝတ်စုံဖြင့်လည်းကောင်း၊ Taylor Swift က အာလူးချောင်းကြော်ဝတ်စုံဖြင့်လည်းကောင်း အသီးသီးပါဝင်သရုပ်ဆောင်ထားကြတာကို တွေ့မြင်ရမှာပါ။

 

- Advertisement -

Taylor Swift နဲ့ Katy Perry တို့ နှစ်ဦးဟာ ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်အတွင်းက နှစ်ဦးအကြား ရန်ငြိုးရန်စများဖြစ်ပွါးခဲ့ဖူးပြီး (၅) နှစ်ကျော်ကြာ ပြောဆိုဆက်ဆံခြင်းမရှိကာ လက်ရှိအချိန်၌မူ ပြေလည်မှုရရှိခဲ့ပြီး အဆိုပါသီချင်း ဗီင်္ဒီယို၌ သူတို့နှစ်ဦးရဲ့ ချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင်မြင်ကွင်းကို ပရိသတ်တွေအနေနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ တွစ်တာအသုံးပြုသူတစ်ဦးကလည်း “Taylor Swift နဲ့ Katy Perry တို့ နှစ်ဦးဟာ ဟမ်ဘာဂါနဲ့ အားလူးချောင်းကြော်လိုမျိုး အတူတူ ခရီးဆက်နိုင်ပါတယ်။” ဟု မှတ်ချက်ပြုရေးသားခဲ့ပါတယ်။ ဒ့ါအပြင် အဆိုပါဗီဒီယို၌ Cardi B၊ Lady Gaga၊ Nicki Minaj၊ Beyonce၊ Ariana Grande နဲ့ Adele တို့လည်း ပါဝင်ခဲ့ကြပြီး Taylor Swift ရဲ့ အဆိုပါ “You Need to Calm Down” ဟုအမည်ရသည့် သီချင်းသည် LGBT များရဲ့ အခွင့်အရေးအတွက် ရေးစပ်သီဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

 

Taylor Swift ရဲ့ အဆိုပါသီချင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်များကလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့ကြပြီး “LGBT တွေ အပေါ် သူမရဲ့ ထောက်ခံမှုတွေ၊ သူမရဲ့ အရည်အချင်း၊ ငြိမ်းချမ်းတဲ့စိတ်ထားတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ အရမ်းချစ်မြတ်နိုးရပါတယ်။ Taylor ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ကျွန်မတို့အားလုံးဟာ ဘုရင်မတွေဖြစ်ပြီး တိုက်ခိုက်စရာမလိုဘူးလို့ ပြောခဲ့တာပါ။” ဟု ရေးသားခဲ့သလို “Taylor က ကမ္ဘာကြီးငြိမ်းချမ်းဖို့ ပြောခဲ့ပါတယ်။” ဟု အသီးသီး ချီးကျူးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × one =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...