HomeSportယူနိုက်တက်အသင်းနဲ့အပြောင်းအရွှေ့သတင်းများအပေါ် ကော်တင်ဟိုရဲ့ဆုံးဖြတ်ချက်။

ယူနိုက်တက်အသင်းနဲ့အပြောင်းအရွှေ့သတင်းများအပေါ် ကော်တင်ဟိုရဲ့ဆုံးဖြတ်ချက်။

- Advertisement -

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဖိလစ်ကော်တင်ဟိုသည် လက်ရှိနွေရာသီ အပြောင်းအရွှေ့၌ ဘာစီိလိုနာအသင်းကိုစွန့်ခွာပြီး ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပေမယ့် အသင်းဟောင်း လီဗာပူးအသင်းအပေါ် လေးစားသောအားဖြင့် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရန် ဆုံးဖြတ်သွားမည်မဟုတ်ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းသည် အသက် (၂၇) နှစ်အရွယ် အဆိုပါဘရာဇီးကွင်းလယ်ကစားသမားကို ခေါ်ယူရန် ပြီးခဲ့သည့်အပြောင်းအရွှေ့ကတည်းက စိတ်ဝင်စားခဲ့ပြီး ကော်တင်ဟိုအနေနဲ့လည်း လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၁၄၂) သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းအတွက် (၇၅) ပွဲ ကစားပြီးချိန်၌ သွင်းဂိုး (၂၁) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုအတွက် သူတို့ကုန်ကျခဲ့သည့်ပြောင်းရွှေ့ကြေး ပမာဏအတိုင်း ကမ်းလှမ်းလာသည့် အသင်းရှိပါက ရောင်းချသွားရန် ပြင်ဆင်ထားပေမယ့် ကစားသမားကိုယ်တိုင်ကမူ အသင်းဟောင်းလီဗာပူးအသင်းရဲ့ ခါးသီးသောပြိုင်ဘက် ယူနိုက်တက်အသင်းထံ  ပြောင်းရွှေ့ရန် ဆုံးဖြတ်သွားမည်မဟုတ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ကော်တင်ဟိုအနေနဲ့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းရဲ့ ကမ်းလှမ်းမှုကိုမူ အလေးအနက်ထားပြီး လက်ခံစဉ်းစားဖွယ်ရှိကြောင်း သတင်းများက  ဖော်ပြလျက်ရှိပြီး လက်ရှိအချိန်၌ ကော်တင်ဟိုကို ခေါ်ယူလိုသည့်အသင်းများအနက် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းလည်း အံ့အားသင့်ဖွယ် ပါဝင်လာကြောင်း သိရှိရပါတယ်။

- Advertisement -

ကော်တင်ဟိုသည်ပြီးခဲ့သည့်ဘောလုံးရာသီ၌ ဘာစီလိုနာအသင်းအတွက် လာလီဂါ ပွဲစဉ် (၂၂) ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး (၅) ဂိုးသာ သွင်းယူနိုင်ခဲ့သလို အသင်းဟောင်းလီဗာပူးအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည့်ပွဲ၌လည်း ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိသောကြောင့် ဘာစီလိုနာပရိသတ်များရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read