HomeEntertainmentJustin Bieber မှ Tom Cruise ကို ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်ပြီးနောက် ? ? ?

Justin Bieber မှ Tom Cruise ကို ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်ပြီးနောက် ? ? ?

- Advertisement -

Justin Bieber တစ်ယောက် UFC တွင် Tom Cruise ကို ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုတဲ့သတင်းဟာ ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ တဟုန်ထိုး ပျံ့နှံ့ခဲ့ပါတယ်။

ကြိုးဝိုင်းထဲမှာ JB တစ်ယောက် ဘယ်လိုယှဉ်ပြိုင်ထိုးသတ်မလဲဆိုတာ မသိရသလို သူ့အနေနဲ့ Tom Cruise ကို ဘယ်လိုအကြောင်းအရာကြောင့် ထိုးသတ်ဖို့ စိန်ခေါ်ခဲ့လဲဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ပရိသတ်တွေအနေနဲ့ အဆိုပါသတင်းကို ကြားကြားပြီးချင်း အလွန်ပဲ အံ့အားသင့်ခဲ့ရပြီး JB ကို ပုတ်ခတ်ပြောဆိုတဲ့သတင်းတွေ ထွက်ပေါ်လာသလို၊ အခုလိုမျိုး “ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ” ဆိုတဲ့ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အေးဆေးတည်ငြိမ်တဲ့ စိတ်သဘောထားကိုလည်း ပရိသတ်တွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

- Advertisement -

အသက် ၅၆ နှစ်အရွယ်ရှိ ကိုယ်ပိုင်စတန့်တွေကို တီထွင်ဖန်တီးတဲ့ မင်းသားကြီး Tom Cruise ကို စိန်ခေါ်ခဲ့ရတဲ့ အကြောင်းအရင်းကို သတင်းမီဒီယာတွေသာမက လူတော်တော်များများကပါ စိတ်ဝင်စားလျက်ရှိပါတယ်။ Tom အနေနဲ့ကော JB ကို ဘာတွေများ လုပ်ထားလို့လဲ ? ? ? JB ကကော အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ မင်းသားကြီး Tom ကို ဘာ့ကြောင့် ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်ရတာလဲ ? ? ? စသဖြင့် ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ ပို့စ်တွေ ပလူပျံလျက်ရှိပါတယ်။ ဒါပေမယ့်  သေချာတာတစ်ခုကတော့ JB အနေနဲ့ Tom နဲ့သာ ယှဉ်ပြိုင်ထိုးသတ်ခဲ့မယ်ဆိုရင် လွယ်ကူမှုရရှိနိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Tom ဟာ တိုက်တစ်တိုက်ပေါ်မှ အခြားတစ်တိုက်ပေါ်သို့ ခုန်ချခြင်း၊၊ အမြင့်ပေအမြင့်ကြီးကနေ အလွတ်တမ်းခုန်ချခြင်းစသဖြင့် အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းတွေကို လူအစားထိုး ရိုက်ကူးခြင်းမရှိဘဲ ကိုယ်ပိုင်စတန့်တွေကို ကိုယ်တိုင် တီထွင် သရုပ်ဆောင်လေ့ရှိတဲ့ အက်ရှင်ဇာတ်ကြမ်း မင်းသားကြီးမို့လို့ပဲဖြစ်ပါတယ်။

- Advertisement -

MMA မှ လက်ဝှေ့သမားတစ်ယောက်ဖြစ်တဲ့ Tony Posnanski မှလည်း “ Tom Cruise ဟာ အထက်တန်းကျောင်းသားဘဝကတည်းက လက်ဝှေ့အပျော်တမ်း ထိုးလာသူတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ ပြင်းပြင်းထန်ထန်  လေ့ကျင့်ခန်းတွေပြုလုပ်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။  အေးဆေးထိုင်နေစမ်းပါ JB ရာ . . .  ” ဆိုပြီး သူ့ရဲ့ ထင်မြင်ချက်ကို မှတ်ချက်ပေးခဲ့ပါတယ်။

သိပ်မကြာခင်ရက်ပိုင်းမှာပဲ Justin Bieber က TMZ Magazine နဲ့ အင်တာဗျူးတွင် “ တကယ်တမ်း Tom Cruise ကို ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ချင်း မသိပါဘူး။ ကျွန်တော်အခုလို တွစ်တာမှာသူ့ကို စိန်ခေါ်ခဲ့တယ်ဆိုတာကလည်း သူ့ရဲ့ အင်တာဗျူးတစ်ခုကိုကြည့်ပြီးနောက်ပိုင်း ကျွန်တော့်ရဲ့အတွေးထဲမှာ သူနဲ့ ထိုးသတ်ချင်စိတ် ဖြစ်ပေါ်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ အမှန်တကယ် စိန်ခေါ်တာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော် တွစ်တာမှာ ယခုလိုပဲ ရည်ရွယ်ချက်မရှိ ဟာသသဘောအနေနဲ့ မကြာခဏဆိုသလို ပို့စ်တွေတင်လေ့ရှိပါတယ် . . . ” ဆိုပြီး ရယ်မောလျက် ဖြေကြားသွားခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twelve + twenty =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...