HomeSportပေါ့ဘာအတွက် ကြယ်ပွင့်ကစားသမားတစ်ယောက် ပြန်အလိုက်ပေးမယ့် ရီးရဲယ်မက်ဒရစ်အသင်း။

ပေါ့ဘာအတွက် ကြယ်ပွင့်ကစားသမားတစ်ယောက် ပြန်အလိုက်ပေးမယ့် ရီးရဲယ်မက်ဒရစ်အသင်း။

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းသည် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာကို ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးအပြင် ဂါရတ်ဘေးလ် ဒါမှမဟုတ် အစ္စကို တစ်ယောက်ယောက်နဲ့ အလိုက်ပေး ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ အသက် (၂၆) နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားသည် ယူနိုက်တက်အသင်းမှ ထွက်ခွာလိုကြောင်း ယခုရက်သတ္တပတ်အတွင်း၌ ဖွင့်ဟဝန်ခံခဲ့ပြီး ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရန်အတွက် သတင်းများ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိပါတယ်။

ယူနိုက်တက်အသင်းမှ သူတို့ရဲ့အဓိက ကွင်းလယ်ကစားသမားကို လက်လွှတ်ရန်ဆန္ဒမရှိပေမယ့် လက်ရှိအချိန်အထိ ကစားသမားသစ်ခေါ်ယူရေး ကိစ္စရပ်များ၌ အခက်အခဲများရှိနေရာ ရီးရဲယ်မက်ဒရစ်အသင်းက အဆိုပါအချက်ကို အသုံးချပြီး ယူနိုက်တက်အသင်းအတွက် နာမည်ကျော်ကြယ်ပွင့်ကစားသမားကို အလိုက်ပေးကမ်းလှမ်းသွားရန် ပြင်ဆင်နေခြင်းလည်းဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းသည် လက်ရှိနွေရာသီအပြောင်းအရွှေ့၌ အသင်းမှ အဓိက ကစားသမားအများအပြားကို လက်လွှတ်ရန်စီစဉ်ထားရာ အဆိုပါကစားသမားများထဲ၌ ဂါရတ်ဘေးလ်၊ အစ္စကိုတို့ကဲ့သို့ နာမည်ကျော် ကစားသမားများလည်း ပါဝင်နေခြင်းဖြစ်ပါတယ်။ သို့ဖြစ်ရာ ရီးရဲယ်မက်ဒရစ်အသင်းမှ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) အပြင် ဂါရတ်ဘေးလ်နဲ့ အစ္စကို တစ်ယောက်ယောက်ကို အလိုက်ပေးကမ်းလှမ်းသွားမည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ပေါ့ဘာကိုပြန်လည်ခေါ်ယူရန်အတွက် စိတ်ဝင်စားလျက်ရှိနေဆဲဖြစ်ကြောင်းလည်း သိရှိရပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 + 9 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...