HomeEntertainmentLeonardo DiCaprio ရဲ့ သရုပ်ဆောင်နေရာကို Bradley Cooper က ယူလိုက်ပြီလား ? ? ?

Leonardo DiCaprio ရဲ့ သရုပ်ဆောင်နေရာကို Bradley Cooper က ယူလိုက်ပြီလား ? ? ?

- Advertisement -

Bradley Cooper တစ်ယောက် Irina Shayk နဲ့ လမ်းခွဲပြတ်စဲအပြီး Guillermo del Toro ရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်သရုပ်ဆောင်တော့မယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ ထိုနေရာမှာ  မေးစရာရှိလာတာကတော့ အစပိုင်း ပါဝင်သရုပ်ဆောင်ဖို့ ခေါင်းဆောင်မင်းသားနေရာကို Leonardo အား ကမ်းလှမ်းထားခဲ့ပြီး အခုလို Bradley အဖြစ် သတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ Bradley သရုပ်ဆောင်မယ့် ဇာတ်ကောင်က နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး လိမ်လည်လှည့်စားနေသူတစ်ယောက်ဖြစ်တဲ့အပြင် အဖွဲ့တစ်ဖွဲ့ဖွဲ့ကာ လိမ်လညမှုအကြီးစားတွေကို လုပ်ကိုင်သူတစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ့်အပိုင်းပဲဖြစ်ပါတယ်။

လက်တလောဖြစ်ပျက်ထားတဲ့ Bradley နဲ့ Irina Shayk တို့ရဲ့ တရားဝင် လမ်းခွဲပြတ်စဲမှုအပြီးမှာတော့ ကမ္ဘာကျော်နှစ်ယောက်စလုံးဟာ သူတို့  သက်ဆိုင်ရာ အနုပညာအလုပ်အကိုင်တွေကို ပြန်လည်လုပ်ကိုင်နေကြပြီပဲဖြစ်ပါတယ်။ Irina အနေနဲ့လည်း အီတလီ၊ ဖလော်ရန့်စ်မှာကျင်းပပြုလုပ်တဲ့ ဖက်ရှင်ရှိုးပွဲကို တက်ရောက်ခဲ့ပြီး Bradley အနေနဲ့လည်း သူမကြာခင် ပါဝင်သရုပ်ဆောင်တော့မယ့် ရုပ်ရှင်နဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောစရာရှိလာတာက ပထမဦးဆုံး ရိုက်ကူးရေးအတွက် ကမ်းလှမ်းခံထားရတဲ့ Leonardo ကို ကျော်တက်ပြီး Bradley က ဒီရုပ်ရှင်ကို လက်ဦးမှုရယူခဲ့တာလား ? Leonardo ကပဲ ငြင်းဆိုခဲ့လို့ Bradley က လက်ခံခဲ့တာလားဆိုတဲ့ တိကျသေချာတဲ့ ဖြေရှင်းချက်မျိုးတွေတော့ မရှိသေးပါဘူး။

- Advertisement -

 

- Advertisement -

#ST(Soshwe)

- Advertisement -

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read