ပြီးခဲ့တဲ့ရက်ပိုင်းက Miley ရဲ့ ခပ်လန်းလန်း MTV တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ သူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ Black Mirror ရုပ်ရှင်စီးရီးထဲက “ On a Roll ” ဆိုတဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
https://www.youtube.com/watch?v=BTsW30Ur0sg&feature=youtu.be
ထိုဇာတ်ဝင်ခန်းထဲမှာ Ashley O အဖြစ် သရုပ်ဆောင်ထားတဲ့ Miley ဟာ ပေါ့ပျက်ပျက်နိုင်တဲ့ ပေါ့ပ်အဆိုတော်အဖြစ်သရုပ်ဆောင်ထားပြီး သူမရဲ့ ပရိသတ်တွေရဲ့ ယုံကြည်အားပေးမှုကို ခက်ခက်ခဲခဲတည်ဆောက်နေရကာ နောက်ပိုင်းမှာတော့ အနုပညာရဲ့ လေးနက်တဲ့ အဓိပ္ပာယ်ကို တဖြည်းဖြည်းရှာဖွေတွေ့ရှိလာခဲ့ပါတယ်။
“ မိမိရဲ့ ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးတည်ဆောက်နိုင်ဖို့က လူတိုင်းအတွက် အရေးကြီးတယ်လို့ ခံစားရပြီး မိမိဖြစ်ချင်တဲ့ ကိုယ်ပိုင်ဘဝမျိုးကိုလည်း ယုံကြည်မှုရှိရှိ အကောင်းဆုံး တည်ဆောက်နိုင်ဖို့ကလည်း အရမ်းအရေးကြီပါတယ်. . . ” ဆိုပြီး အဆိုပါ သီချင်းဗီဒီယိုနဲ့ပက်သက်ပြီး Ashley O ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ Miley က ပြောကြားသွားပါတယ်။
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share