HomeOtherFunnyဓာတ်ပုံရိုက်ကူးနေရင်း မီးလောင်လို့ထွက်ပြေးခဲ့ရတဲ့ Spider Man

ဓာတ်ပုံရိုက်ကူးနေရင်း မီးလောင်လို့ထွက်ပြေးခဲ့ရတဲ့ Spider Man

- Advertisement -

Man About Town Magazine အတွက် ဓာတ်ပုံရိုက်ကူးပေးနေတဲ့ Spider Man မင်းသား Tom Holland ဟာ မီးလောင်ခါနီးအဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် Tom ဟာ မီးလောင်နေတဲ့ ခုံပေါ်မှာထိုင်ကာ ဓာတ်ပုံရိုက်ကူးနေရင်း လေတိုက်နေရာကနေတစ်ဆင့် သူ့အဝတ်အစားကို မီးစွဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

Tom တစ်ယောက် သူ့ဘောင်းဘီကို မီးလောင်ကျွမ်းနေပြီဆိုတာ သိသိချင်း ထိုင်ခုံမှာထိုင်နေရာကနေ  ပြေးထွက်လာပြီး မီးကို ငြိမ်းသတ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်းပဲ မင်းသား Tom ရဲ့ ပင်လယ်ပြင်ကြီးကို  နောက်ခံထားပြီး မီးလောင်နေတဲ့ ထိုင်ခုံပေါ်မှာ စမတ်ကျကျ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အလွန်ပဲ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ မင်းသား Tom ရဲ့ ဘောင်းဘီမီးစွဲလို့ ထွက်ပြေးရတဲ့ ဗီဒီယိုဖိုင်အတိုလေးကိုလည်း ပရိသတ်တွေ ရယ်မောနိုင်ဖို့အတွက် တင်ပေးလိုက်ရပါတယ်။

- Advertisement -

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read