ခိုင်လုံတဲ့သတင်းတွေအရ Bradley နဲ့ Lady Gaga အကြား အလွန်ပင် နားလည်ရခက်ခဲပြီး ကြီးမားတဲ့ ပက်သက်ဆက်နွယ်မှုတွေရှိတယ်လို့ သိရှိရပါတယ်။
အခုရက်ပိုင်းအတွင်း Bradley မှ ချစ်သူဖြစ်သူ Irina Shayk နဲ့ လမ်းခွဲပြီးနောက် Lady Gaga နဲ့ သတင်းတွေက ဟိုးလေးတကျော် ဖြစ်လာခဲ့ပါတယ်။ “ Bradley က Lady Gaga ကို အရမ်းပဲ ဂရုတစိုက်ရှိပြီး နားလည်ရခက်တဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့နှစ်ဦးစလုံးရဲ့ အချစ်ဇာတ်လမ်းဟာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို တစ်ကမ္ဘာလုံးက ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်မျှော်နေကြတာပဲဖြစ်ပါတယ် ” ဆိုပြီး နီးစပ်သူတစ်ဦးမှ People Magazine ကို ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ဦး ရိုက်ကူးထားတဲ့ “ A Star is Born ” ဆိုတဲ့ ဇာတ်ကားဟာလည်း အော်စကာ ဆန်ကာတင်စာရင်းထဲမှာ (၈) ဆုထိ ပါဝင်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုဇာတ်ကား ရိုက်ကူးတဲ့အချိန်ကတည်းက Bradley နဲ့ Gaga တို့နှစ်ဦးရဲ့ ကောလဟာလတွေ စတင်ထွက်ရှိလာခဲ့ပြီး နောက်ဆုံးမှာတော့ Bradley မှ ချစ်သူဖြစ်သူ Irina Shayk နဲ့ လမ်းခွဲခဲ့တဲ့ပုံကို ထောက်မယ်ဆိုရင် သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်း အမှန်တကယ်ပဲဆိုတာကို ခန့်မှန်းလို့ရမှာပါ။ Lady Gaga မှလည်း “ A Star is Born ” ဇာတ်ကားထဲတွင် “ Shallow ” သီချင်းနဲ့ အော်စကာဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။
People Magazine မှလည်း Bradley နဲ့ Irina တို့ လွန်ခဲ့တဲ့တစ်ပတ်က လမ်းခွဲခဲ့ကြတယ်ဆိုတာကို အတည်ပြုခဲ့ပြီး သူတို့နှစ်ဦး ၄ နှစ်တာ လက်တွဲခဲ့ကြကာ Lea De Seine ဆိုတဲ့ ၂ နှစ်အရွယ်သမီးလေးတစ်ဦး ထွန်းကားခဲ့ပါတယ်။
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share