အာဂျင်တီးနား ဘောလုံးအကျော်အမော်တစ်ဦးဖြစ်တဲ့ မာရာဒိုနာမှ သူ့အနေနဲ့ ယူနိုက်အသင်းရဲ့ နည်းပြဖြစ်နိုင်သူတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်သူတစ်ယောက်လည်းဖြစ်ကြောင်း Four Four Two သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ဘောလုံးအကျော်အမော်ကြီးဖြစ်တဲ့ မာရာဒိုနာမှာ လက်တလောမှာတော့ မက္ကဆီကို အသင်းတစ်သင်းကို ကိုင်တွယ်လျက်ရှိပြီး သူ့အနေနဲ့ ယူနိုက်ကတ်အသင်းရဲ့ ရွှေရောင်လွှမ်းမိုးခဲ့တဲ့ ခေတ်ကာလကို ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ မာရာဒိုနာဟာ ပြီးခဲ့တဲ့နှစ်အချို့အတွင်း UAE ကလပ် နှစ်ခုကို ကိုင်တွယ်ခဲ့ပြီး အခုချိန်မှာတော့ မက္ကဆီကိုကလပ်အသင်းတစ်သင်းကို ကိုင်တွယ်လျက်ရှိပါတယ်။ Four Four Two Magazine နဲ့ အင်တာဗျူးမှာလည်း “ တကယ်လို့ ယူနိုက်တက်အသင်းကသာ နည်းပြလိုအပ်နေတယ်ဆိုရင် ကျွန်တော့်အနေနဲ့ လုပ်ဆောင်ပေးဖို့ အသင့်ပါပဲ။ ယူနိုက်တက်အသင်းအနေနဲ့ ကမ္ဘာတစ်ဝှမ်း ယူနိုက်တက်တံဆိပ်ပါ ဘောလုံးဝတ်စုံတွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ ရောင်းချနေရပေမယ့်လည်း သူတို့အသင်းအနေနဲ့ ဆုဖလားတွေရရှိနိုင်ဖို့က ပိုအရေးကြီးပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မာရာဒိုနာမှပဲ “ နည်းပြကြီးဖာဂူဆန်ကိုင်တွယ်ခဲ့တုန်းက ယူနိုက်တက်အသင်းဟာ ကစားသမားကောင်းတွေ အမြောက်အမြားနဲ့ အောင်မြင်မှုမြောက်မြားစွာကို ရယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းဟာလည်း ကျွန်တော်အကြိုက်ဆုံး အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်အကြိုက်ဆုံးအသင်းကို ပြောရမယ်ဆိုရင် မန်စီးတီးအသင်းဖြစ်ပြီး အဓိကကြိုက်ရတဲ့ အကြောင်းရင်းကတော့ အဂူရိုကြောင့်ပဲဖြစ်ပါတယ်။ အဂူရိုဟာ ကစားသမားတွေနဲ့ အချိန်အဆက်မိမိ အကောင်းမွန်ဆုံး ကစားနေပြီး လက်ရှိမှာလည်း မန်စီးတီးအသင်းမှာ ခြေစွမ်းပြလျက်ရှိတဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်နေလို့ပါပဲ . . . ” ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
#ST(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share