HomeEntertainmentMiley Cyrus တစ်ယောက် Liam Hemsworth နဲ့ပြတ်သွားပြီလား ? ? ?

Miley Cyrus တစ်ယောက် Liam Hemsworth နဲ့ပြတ်သွားပြီလား ? ? ?

- Advertisement -

Miley Cyrus နဲ့ Liam Hemsworth တို့ဟာ သူတို့ရဲ့ ၁၀ နှစ်ပြည့် ချစ်သူသက်တမ်းကို  ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါတယ်။ နှစ်ဦးသား ပင်လယ်ကမ်းခြေကို နောက်ခံထားပြီး  ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို  တွေ့မြင်ရမှာပါ။

 

- Advertisement -

Miley နဲ့ Liam တို့ဟာ ၂၀၀၉ ခုနှစ်က Nicholas Spark ရဲ့ ရုပ်ရှင်ဖြစ်တဲ့ The Last Song ရုပ်ရှင်ရိုက်ကူးရင်း စတင်တွေ့ဆုံခဲ့ကြပြီး ချစ်ခင်စုံမက်ခဲ့ကြကာ သူတို့နှစ်ဦးရဲ့ Relationship ဟာဆိုရင် အခုချိန်မှာဆိုရင် ဆယ်စုနှစ်တစ်ခုကြာ တည်တံ့ခဲ့ပြီပဲဖြစ်ပါတယ်။ အခုကဲ့သို့ သူတို့နှစ်ဦးရဲ့ အချစ်ရေးမှတ်တိုင်အကြောင်းကို Miley မှ တွစ်တာနဲ့ အင်စတာဂရမ်စာမျက်နှာများတွင် ပို့စ်အချို့တင်ကာ ဖော်ပြခဲ့ပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူတို့နှစ်ဦးရဲ့ အရင်တုန်းကရိုက်ထားတဲ့ဓာတ်ပုံလေးတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အလွန်ပဲကြည်နူးဖို့ကောင်းပါတယ်။

- Advertisement -

 

 

လက်တလောတွင်လည်း ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ Miley နဲ့ Liam တို့ ပြတ်သွားကြပြီဖြစ်တဲ့အကြောင်း ကောလဟာလတွေ ထွက်ပေါ်လျက်ရှိပါတယ်။ သို့ပေမယ့်လည်း Miley တစ်ယောက် သူမရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေကနေတစ်ဆင့် ထွက်ပေါ်လျက်ရှိတဲ့ ကောလဟာလတွေကို ယခုကဲ့သို့ ပညာသားပါပါ ဖြေရှင်းခဲ့ခြင်းပဲဖြစ်ပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

- Advertisement -

#SoshweForyourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − 9 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...