HomeOtherပင်လယ်တွင်း စွန့်ပစ်ထားတဲ့ ပလပ်စတစ်ပစ္စည်းတွေကနေ ဖိနပ်အရံပေါင်း (၁၁) သန်းကျော် ထုတ်လုပ်မယ့် Adidas

ပင်လယ်တွင်း စွန့်ပစ်ထားတဲ့ ပလပ်စတစ်ပစ္စည်းတွေကနေ ဖိနပ်အရံပေါင်း (၁၁) သန်းကျော် ထုတ်လုပ်မယ့် Adidas

- Advertisement -

Adidas ကုမ္ပဏီမှ ပင်လယ်ရေ ညစ်ညမ်းမှုကို ကူညီပေးဖို့အတွက် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်အတွင်း စွန့်ပစ်ထားတဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုကာ ဖိနပ်အရံပေါင်း (၁၁) သန်းကျော် ထုတ်လုပ်မယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဖိနပ်တွေကို ထုတ်လုပ်ရောင်းချနေတဲ့ Adidas ကုမ္ပဏီမှ အဆိုပါအစီအစဉ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး  အကောင်အထည်ဖော်သွားမယ်လို့ ၂၀၁၉ နှစ်အစောပိုင်းတုန်းက ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

ပြန်လည်အသုံးပြုလို့ရတဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေနဲ့ ဖိနပ်ရဲ့ အပေါ်ပိုင်းကို ဖန်တီးပြုလုပ်မှာဖြစ်ကာ Adidas ကုမ္ပဏီအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ဖိနပ်ပြုလုပ်မယ်ဆိုတဲ့ အစီအစဉ်ဟာ အထူးအဆန်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်ကလည်း ကမ္ဘာကျော်ဖိနပ်ကုမ္ပဏီကြီးအနေနဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေကနေ ဖိနပ်အရံပေါင်း (၅) သန်းကျော် ထုတ်လုပ်နိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်မှာလည်း အရင်နှစ်ရဲ့ ၂ ဆ ဖြစ်တဲ့ ဖိနပ်အရံပေါင်း (၁၀) သန်းကျော်ထုတ်လုပ်နိုင်မယ်ဆိုပြီး ရည်ရွယ်ထားခြင်းလည်းဖြစ်ပါတယ်။

Adidas ကုမ္ပဏီကြီးရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Eric မှ “ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ပင်လယ်ရေ ညစ်ညမ်းနေမှုပြသာနာကို ကူညီဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေကနေ ဖိနပ်တွေ ထုတ်လုပ်ဖြန့်ချီဖို့ ရည်ရွယ်ထားခဲ့ခြင်းဖြစ်ပါတယ်။ Adidas ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲတဲ့ Customer များအတွက်လည်း ဒီဇိုင်းပိုင်းသာမက အရည်အသွေးပိုင်းတွေမှာပါ အရင်ကထက် ပိုမိုကောင်းမွန်လာအောင် ဖန်တီးပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ၂၀၁၇ ခုနှစ်အတွင်း ဖိနပ်အရံပေါင်း (၁) သန်းကျော်၊ ၂၀၁၈ ခုနှစ်အတွင်း (၅) သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာလည်း (၁၁) သန်းကျော်ထုတ်လုပ်နိုင်မယ်လို့ ရည်ရွယ်ထားပါတယ် . . . ” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...