HomeSportယူနိုက်တက်အသင်းအနေနဲ့ မှားယွင်းတဲ့ ကစားသမားအပြောင်းအရွှေ့မျိုး မပြုလုပ်ရန် သတိပေးလိုက်တဲ့ Wayne Rooney

ယူနိုက်တက်အသင်းအနေနဲ့ မှားယွင်းတဲ့ ကစားသမားအပြောင်းအရွှေ့မျိုး မပြုလုပ်ရန် သတိပေးလိုက်တဲ့ Wayne Rooney

- Advertisement -

ဝိန်းရွန်နေးမှ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးရှားကို မှားယွင်းတဲ့ ကစားသမားအပြောင်းအရွေ့မျိုး မပြုလုပ်ရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုရှားရဲ့ စိတ်ဝင်စားတဲ့ ကစားသမားများစာရင်းထဲတွင် ရီးရဲမက်ဒရစ်ရဲ့ တောင်ပံတိုက်စစ်မှူး Gareth Bale လည်း ပါဝင်လာခဲ့ပါတယ်။ အလားတူ ရီးရဲမက်ဒရစ်အသင်းမှလည်း ယူနိုက်အသင်းမှထွက်ခွာရန် ပြင်ဆင်နေတဲ့ Paul Pogba ကို မျက်စိကျလျက်ရှိပြီး စပိန်ထိပ်သီးကလပ်အနေနဲ့ အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါရက်ဘေးလ်ကို အလိုက်ပေးခေါ်ဆောင်မှုမျိုး  ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။

သို့ပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သူ ဝိန်းရွန်နေးမှ ဆိုးရှားအနေနဲ့ မန်ယူအသင်းကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ရာတွင် ဂါရက်ဘေးလ်ပဲဖြစ်စေ၊ ရိုနယ်ဒိုပဲဖြစ်စေ အစရှိတဲ့ နံမည်ကြီးကစားသမားတွေကို ခေါ်ယူမှုမျိုး ရှောင်ရှားဖို့လိုအပ်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။

- Advertisement -

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူနိုက်တက်အသင်းအနေနဲ့ မော်ရင်ဟိုထွက်ခွာပြီးနောက်ပိုင်း ဆိုးရှားလက်ထက်တွင် ပရီးမီးယားလီးဂ်ဇယားရဲ့ နံပါတ် (1209၆) နေရာမှာသာ ရပ်တည်နိုင်ခဲ့ကာ ချန်ပီယံလီးဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသည်အထိ ရလဒ်များဆိုးရွားခဲ့ပါတယ်။

“ ကျွန်တာ့်အနေနဲ့ ပြောရမယ်ဆိုရင် ဆိုးရှားအနေနဲ့ အသင်းကို ပြန်လည်ဖွဲ့စည်းဖို့ ဒေါ်လာ သန်း ၁၀၀ ကျော်လောက် တန်ကြေးရှိတဲ့ နံမည်ကြီးကစားသမားတွေကို ခေါ်ယူဖို့ မလိုအပ်ပါဘူး။ သူ့အနေနဲ့ လုပ်ရမှာတစ်ခုတည်းက လက်ရှိအသင်းမှာ ရှိပြီးသားသူတွေနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်မယ့် ကစားသမားတွေကိုသာ ခေါ်ယူနိုင်ဖို့အတွက် ဦးစားပေးစဉ်းစားရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ ရိုနယ်ဒို၊ မက်ဆီ၊ ရားမို့စ်၊ ဘေးလ် အစရှိတဲ့ နံမည်ကြီးကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တယ်ဆိုရင်တောင် အသင်းမှာရှိပြီးသားဖြစ်တဲ့ ကစားသမားတွေနဲ့ အံဝင်ခွင်ကျမဖြစ်နိုင်ရင် ဒေါ်လာ သန်း ၃၅၀ ကျော်လောက် အသုံးပြုလိုက်လည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်အကြံပေးချင်တာကတော့ အသင်းနဲ့ အကောင်းဆုံးဖြစ်နိုင်မယ့် လူငယ်ကစားသမား (၃) ယောက် သို့မဟုတ် (၄) ယောက်လောက်ကို ဒေါ်လာ သန်း ၄၀ ဝန်းကျင်လောက် အသုံးပြုပြီး ခေါ်ယူဖို့ပဲဖြစ်ပါတယ် . . . ” ဆိုပြီး ရွန်နေးမှ ပြောကြားခဲ့ပါတယ်။

- Advertisement -

 

#ST(Soswhe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen − 2 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...