HomeSportဘောလုံးလောကမှ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းတိုများ။

ဘောလုံးလောကမှ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းတိုများ။

- Advertisement -

ယူနိုက်တက်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ကတော့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားအရွှေ့အပြောင်းကို အရှိန်အဟုန်မြင့်မြင့် လုပ်ဆောင်လျက်ရှိပါတယ်။

ယူနိုက်တက်အသင်းမှလည်း ပထမဦဆုံးအပြောင်းအရွှေ့အနေနဲ့ ဆွမ်ဆီးအသင်းမှ Daniel James ကို ပေါင် ၁၈ သန်းနဲ့ လွန်ခဲ့တဲ့အပတ်က ခေါ်ယူနိုင်ခဲ့ပြီး  ရီးရဲမက်ဒရစ်မှလည်း ချယ်ဆီးအသင်းမှ Eden Hazard ကို ပေါင်သန်း ၁၃၀ နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ထို့အပြင် စပိန်ထိပ်သီးကလပ်အနေနဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို မျက်စိကျလျက်ရှိပြီး ဂါရက်ဘေးလ်ကိုလည်း ရောင်းထုတ်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။

အေဂျက်စ်အသင်းရဲ့ နောက်ခံလူဖြစ်တဲ့ Matthijs de Ligt မှလည်း ဘာစီလိုနာအသင်းကို  ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့မှလည်း ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားတွေပဲ ပြောင်းရွှေ့ဖို့ ရေပန်းစားနေတာမဟုတ်ဘဲ ချယ်ဆီးအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုမှလည်း နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

လီဗာပူးကစားသမားတွေဖြစ်တဲ့ စတာရစ်ခ်ျနဲ့ မိုရီနိုတို့မှာလည်း အသင်းမှ မကြာခင်ထွက်ခွာတော့မယ့်အကြောင်း ထုတ်ဖော်ပြောဆိုထားပြီး မန်စီးတီးအသင်းမှ ဘင်ဖီကာအသင်းမှ လူငယ်ကစားသမား Joao Felix ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ယူနိုက်တက်အသင်းမှ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ အသက် ၂၆ နှစ်အရွယ်  ကွင်းလယ်ကစားသမား  ပေါ့ဘာကိုလည်း ရီးရဲမက်ဒရစ်သာမက ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတို့ကပါ ခေါ်ယူနိုင်ဖို့အတွက် စိတ်ဝင်စားလျက်ရှိပါတယ်။ အင်တာမီလန်အသင်းမှလည်း အေစီမီလန်ကစားသမားဟောင်း El Shaarawy စာချုပ်ချုပ်နိုင်ဖို့ ပြင်ဆင်လျက်ရှိပြီး ရိုးမားအသင်းမှ အာဂျင်တီးနားကစားသမား ဟီဂူအင်ကို ခေါ်ယူဖို့အတွက် အဆက်အသွယ်တွေပြုလုပ်လျက်ရှိတယ်လို့ သိရှိရပါတယ်။

- Advertisement -

 

#ST(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

8 − 4 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...