HomeEntertainmentMaisie Williams နဲ့ Sophie Turner တို့ရဲ့ခင်မင်မှုအကြောင်း။

Maisie Williams နဲ့ Sophie Turner တို့ရဲ့ခင်မင်မှုအကြောင်း။

- Advertisement -

Sophie Turner နဲ့ Maisie Williams တို့ဟာ လွန်ခဲ့တဲ့ ၈ နှစ်က Game of Thrones ဇာတ်လမ်းတွဲ ရိုက်ကူးစဉ် စတင်သိကျွမ်းခဲ့ကြပြီး တဖြည်းဖြည်းနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ Sophie နဲ့ ၂၂ နှစ်အရွယ် Maisie တို့ဟာ Game of Thrones ဇာတ်လမ်းတွဲတွင် ညီအစ်မတွေအဖြစ် သရုပ်ဆောင်ခဲ့ကြပြီိး သူတို့နှစ်ယောက်ရဲ့ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာခဲ့ပုံကို Game of Thrones ဇာတ်လမ်းတွဲတွင် သိသိသာသာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Sophie နဲ့ Maisie တို့ရဲ့ ခင်မင်မှုဟာ အခြားလူငယ်တွေလို အဆင်ပြေချောမွေ့နေတာမျိုးမဟုတ်ဘဲ ကတောက်ကဆဖြစ်ခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း သူတို့နှစ်ယောက်လုံးရဲ့ ဆယ်ကျော်သက်ဘဝကို Game of Thrones ဇာတ်လမ်းတွဲ ရိုက်ကူးရင်း ဖြတ်သန်းခဲ့ကြတဲ့အတွက် အချင်းချင်းနားလည်မှု ပိုမိုရရှိခဲ့ကြင်္ပြိး အခုချိန်မှာတော့ အဆင်ပြေချောမွေ့တဲ့ ခင်မင်မှုတစ်ခုကို ဆောက်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ တကယ်လို့ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုအကြောင်းကိုသာ ရုပ်ရှင်ရိုက်ကူးခဲ့မယ်ဆိုရင် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

- Advertisement -




<Zawgyi Version>

 

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read