HomeSportတရားရင်ဆိုင်နေရတဲ့ ဘရာဇီးကြယ်ပွင့် နေမာ။

တရားရင်ဆိုင်နေရတဲ့ ဘရာဇီးကြယ်ပွင့် နေမာ။

- Advertisement -

ဘရာဇီးကြယ်ပွင့် နေမာတစ်ယောက် မုဒိန်းမှုဖြင့် တရားရင်ဆိုင်နေရပြီး သူ့အနေနဲ့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုလိုက်ပါတယ်။ နေမာရဲ့ရှေ့နေဖြစ်သူမှလည်း သူမအနေနဲ့ နေမာမှာအပြစ်မရှိတဲ့အကြောင်းကို အပြည့်အဝယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဘရာဇီးကြယ်ပွင့် နေမာဟာ ရီယိုဒီဂျနေးရိုးတရားရုံးတွင် အမျိုးသမီးတစ်ဦးအား အဓမ္မကျင့်မှုဖြင့် စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပြီး စွပ်စွဲသူအမျိုးသမီးနဲ့ပက်သက်တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံအချို့ကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ တင်ခဲ့တဲ့အတွက်ကြောင့် ရဲတွေရဲ့စစ်ဆေးမေးမြန်းမှုကို ၂ နာရီကျော်ကြာ ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။

- Advertisement -

အသက် ၂၆ နှစ်အရွယ်ရှိ Najila Trindade အမည်ရှိ ဘရာဇီးအမျိုးသမီးတစ်ဦးဟာ နေမာမှ သူမအား Paris ရှိ ဟိုတယ်အခန်းတစ်ခုထဲတွင် လုံခြုံစိတ်ချမှုမရှိတဲ့ လိင်ဆက်ဆံမှုပြုရန် ငြင်းဆန်ခဲ့တဲ့အတွက်ကြောင့် အကြမ်းဖက် အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

- Advertisement -

ဘောလုံးအကျော်အမော် နေမာမှ အဆိုပါ စွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပြီး သူ့အနေနဲ့ စွပ်စွဲခံရခြင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နေမာရဲ့ရှေ့နေဖြစ်သူမှလည်း သူမအနေနဲ့ နေမာအပြစ်မရှိတဲ့အကြောင်းကို အပြည့်အဝယုံကြည်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

- Advertisement -

နေမာတစ်ယောက် ညာဖက်ခြေချင်းဝတ် ထိခိုက်ဒဏ်ရာရထားတဲ့အတွက်ကြောင့် ချိုင်းထောက်ကိုအသုံးပြုပြီး တရားရုံးကိုတက်ရောက်ခဲ့ကာ “ ကျွန်တော့်ကို ကူညီထောက်ပံ့ပေးသူအားလုံးကို  ကျေးဇူးအများကြီးတင်ပါတယ် . . . ” ဆိုပြီး သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read