HomeSportချယ်ဆီးတိုက်စစ်မှူး ဟာဇက်ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်း။

ချယ်ဆီးတိုက်စစ်မှူး ဟာဇက်ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်း။

- Advertisement -

Belgium နိုင်ငံသား ချယ်ဆီးအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၈၈ သန်းနဲ့ ရက်ပိုင်းအတွင်းခေါ်ယူဖို့ အလွန်နီးစပ်နေပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က Europa League  ဖိုင်နယ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာဇက်ဟာ လက်ရှိချယ်ဆီးအသင်းနဲ့ နှစ်ကုန်ရင် စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဟာဇက်ဟာ ၂၀၁၂ ခုနှစ်မှစတင်ကာ ပြင်သစ်ကလပ် Lille အသင်းမှ မှ ချယ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ပွဲပေါင်း (၃၅၂) ပွဲကစားခဲ့ကာ၊ ဂိုးပေါင်း (၁၁၀) အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းနဲ့အတူ ရာသီ (၇) ခုတိတိ ကစားပေးခဲ့ပြီး ပရီးမီးယားလီးဂ်နဲ့ ယူရိုပါလီးဂ်ဖလားကို နှစ်ကြိမ်၊ FA ဖလားနဲ့ လီးဂ်ဖလားကို တစ်ကြိမ်စီ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဟာဇက်အနေနဲ့လည်း ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ချင်တဲ့ဆန္ဒကို ဖုံးကွယ်ထားခြင်းမရှိသလို ဘာနေဗြူးကွင်းကြီးမှာ သွားရောက်ကစားနိုင်ဖို့က သူ့ရဲ့ အိပ်မက်ပဲဖြစ်ပါတယ်ဆိုပြီး ထုတ်ဖော်ပြောကြားထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်နိုင်ငံသား ဟာဇက်ဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လလောက်ကတည်းကစတင်ပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားတဲ့အကြောင်း အရိပ်အမြွက် ထုတ်ဖော်ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။

အဲ့နောက်ပိုင်းမှာတော့ ရီးရဲမက်ဒရစ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်တယ်ဆိုတာကို လက်ခံယုံကြည်ထားတဲ့ ဟာဇက်တစ်ယောက် စတန်းဖို့ဘရစ်ခ်ျမှာ ဆက်လက်ကစားဖို့ထက် ဘာနေဗြူးမှာပြောင်းရွှေ့ကစားဖို့ကို စိတ်အားထက်သန်နေခဲ့ခြင်းဖြစ်ပါတယ်။  ဘောလုံးပရိသတ်တွေအနေနဲ့လည်း ဟာဇက်ကို လာမယ့် ဘောလုံးရာသီကနေစပြီး ရီးရဲမက်ဒရစ်အသင်းမှာမြင်တွေ့နိုင်ဖို့အတွက် သေချာသလောက် ရှိနေပါပြီ။

- Advertisement -

 

#ST(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × 2 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...