HomeSportအာဆင်နယ်တိုက်စစ်မှူးဟောင်း Jose Antonio Reyes သေဆုံး။

အာဆင်နယ်တိုက်စစ်မှူးဟောင်း Jose Antonio Reyes သေဆုံး။

- Advertisement -

အသက် ၃၅ နှစ်အရွယ်ရှိ အာဆင်နယ်ကစားသမားဟောင်း Reyes ဟာ ကားမတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားတယ်ဆိုပြီး သတင်းများက အတည်ပြု ပြောဆိုခဲ့ပါတယ်။

Reyes ဟာ အခုလက်ရှိမှာတော့ Extremadura အသင်းအတွက် ကစားပေးနေပြီး အာဆင်နယ်၊ ဆီဗီးလား၊ ရီးရဲမက်ဒရစ်၊ အက်သလတီကိုမက်ဒရစ်နဲ့ အခြားစပိန်ကလပ်တွေမှာ ကစားလာခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

ဆီဗီးလားအသင်းရဲ့ တွစ်တာစာမျက်နှာတွင်လည်း “ ငါတို့အနေနဲ့ ဒီသတင်းဆိုးကြီးကို အခုထိလက်ခံလို့မရသေးပါဘူး။ ဆီဗီလားအသင်းရဲ့ ကစားသမားဟောင်းကြီး Jose Antonio Reyes တစ်ယောက် ကားမတော်တဆမှုမှာ သေဆုံးသွားခဲ့တာကို အတည်ပြုခဲ့ပါပြီ။ Reyes တစ်ယောက်  ကောင်းရာသုဂတိလားပါစေ . . . ” ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။

- Advertisement -

Reyes ဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက ဆီဗီလားအသင်းမှာ စတင်ကစားခဲ့ပြီး  အောင်မြင်မှုတွေ ရရှိခဲ့ကာ အသင်းရဲ့သမိုင်းသက်တမ်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံရပါတယ်။ ထို့နောက် အာဆင်နယ်အသင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကစားပေးခဲ့ပြီး Dennis Bergkamp ၊ Theirry Henry နဲ့ Patricia Viera တို့နဲ့အတူ အသင်းအတွက် အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

- Advertisement -

အာဆင်နယ်မှာကစားပြီးနောက်ပိုင်း ဆီဗီးလားအသင်းကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး ယူရိုပါလီးဂ်ဖလားကို (၃) ကြိမ်တိုင်တိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အက်သလတီကိုမက်ဒရစ်မှာ ကစားခဲ့စဉ်တုန်းကလည်း (၂) ကြိမ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

“ အက်သလတီကိုမက်ဒရစ်အသင်းသားတွေနဲ့ ပရိသတ်တွေကတော့ Reyes အတွက် ဝမ်းနည်းပူဆွေးနေကြပါပြီ။ Reyes ဟာ ငါတို့အားလုံးရဲ့ရင်ဘတ်မှာ အမြဲတမ်းရှိနေမှာပါ။ ကောင်းမွန်စွာ အနားယူပါတော့ Reyes . . . ” ဆိုပြီး အသင်းရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

8 + thirteen =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...