HomeEntertainmentTaylor Swift နဲ့ Katy Perry တို့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီလား ? ? ?

Taylor Swift နဲ့ Katy Perry တို့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီလား ? ? ?

- Advertisement -

တေလာနဲ့ ကေတီတို့နှစ်ယောက်စလုံးဟာ သူတို့နှစ်ဦးကြားမှာရှိတဲ့ အဆင်မပြေမှုတွေ အဆုံးသတ်သွားပြီဆိုပြီး လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတည်းက ထုတ်ပြန်ကြေငြာထားပြီးသားဖြစ်ပါတယ်။ ထိုစဉ်အခါက ကေတီမှစတင်ကာ တေလာဆီသို့ တောင်းပန်စာတစ်စောင်ပို့ခဲ့ခြင်းဖြစ်ပြီး တေလာမှလည်း သူမရဲ့ The Reputatuon နယ်လှည့်ဖျော်ဖြေပွဲအတွင်း Instagram Story မှာ တင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုနောက်ပိုင်း ကမ္ဘာကျော် စူပါစတားနှစ်ယောက်လုံးဟာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံခဲ့ခြင်း မရှိပါဘူး။

သို့ပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတစ်ချို့က စူပါစတားနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦး အချင်းချင်း  ထောက်ခံအားပေးနေကြသည်ကို ပရိသတ်တွေထင်သာမြင်သာရှိအောင် အရိပ်အခြေပြခဲ့ကြပါတယ်။ ကေတီမှ ပထမဦးစွာ တေလာနဲ့ သူမရဲ့ကြောင်အသစ်လေး Benjamin တို့ ရိုက်ကူးထားတဲ့ တွစ်တာပို့စ်ကို Like လုပ်ခဲ့တာနဲ့တစ်ပြိုင်နက် တေလာရဲ့ပရိသတ်တွေမှ စတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ထို့နောက်မှတော့ တေလာမှ သူမနားထောင်နေကြ သီချင်း List ထဲမှာ ကေတီရဲ့ သီချင်းအသစ်ဖြစ်တဲ့ “Never Really Over” ဆိုတဲ့သီချင်းကို ထည့်သွင်းခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် စူပါစတားနှစ်ယောက်ပေါင်းပြီး သီချင်းအသစ်တစ်ပုဒ် ဖန်တီးဖို့ အလားအလာရှိတယ်ဆိုပြီး ပရိသတ်တွေမှ ခန့်မှန်းထားကြပါတယ်။ iHeart Radio သီချင်းဆုပေးပွဲတုန်းက တေလာနဲ့ သီချင်းလုပ်ဖို့ စိတ်ဝင်စားရဲ့လားဆိုတဲ့မေးခွန်းအပေါ် ကေတီမှ       “ ကျွန်မအနေနဲ့ ကြိုဆိုပါတယ် ” ဆိုပြီး ဖြေကြားခဲ့ဖူးပါတယ်။

 

- Advertisement -

 

- Advertisement -

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × five =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...