လွန်ခဲ့တဲ့ စနေ ၊ တနင်္ဂနွေအားလပ်ရက်တွေအတွင်း Les Vegas တွင် Tiger Woods မှ နှစ်စဉ်ကျင်းပနေကျ ၂၁ကြိမ်မြောက် ရန်ပုံငွေကောက်ခံတဲ့အစီအစဉ်ကို ကျင်းပခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးတွေနဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ဖို့အတွက်ရာ နှစ်စဉ်ပြုလုပ်နေခြင်းပဲဖြစ်ပါတယ်။ Tiger Woods ကတော့ နှစ်ရက်အတွင်းမှာပဲ ရန်ပုံငွေအမြောက်အမြားရရှိခဲ့ပြီး အခြားသော လှုပ်ရှားမှုတွေဖြစ်တဲ့ လေလံပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ထိုလေလံပွဲကနေတဆင့် အမျိုးသားရန်ပုံငွေအဖွဲ့အစည်းကို တည်ထောင်သူဖြစ်တဲ့ Dave Gilbert က ဘဟားမားမှာပြုလုပ်တဲ့ Hero World Challenge အတွက် တစ်ရက်တာ ဂေါက်တံသယ်ပေးတဲ့သူအဖြစ် Tiger Woods ဘေးကနေ လိုက်ပါခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ Tiger Woods ရဲ့အကူ Joe LaCava ကတော့ ယခင်နှစ်တုန်းကလိုပဲ Hero World Challenge ပွဲကို တက်ရောက်ပေမယ့်လည်း သူ့ရဲ့တာဝန်ကို တခြားတစ်ယောက်က လုပ်နေတဲ့အတွက် Joe အနေနဲ့ ပွဲကြည့်ရုံနဲ့ အကြံဉာဏ်ပေးရုံ သက်သက်သာဖြစ်ပါတော့တယ်။
Tiger Woods ကတော့ အောင်မြင်ကျော်ကြားတဲ့ ဂေါက်ရိုက်သမားတစ်ဦးဖြစ်ပြီး သူရယူခဲ့တဲ့ ဆုတွေဆိုတာလည်း မနည်းမနောပါပဲ။ Tiger Woods ဟာ အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump နဲ့လည်း ယခင်တုန်းက စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ပြီး ဂေါက်အတူတူရိုက်လေ့ရှိပါတယ်။
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share