Justin Bieber တို့ ဇနီးမောင်နှံဟာ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပဖို့ အစီအစဉ်ဆွဲထားပေမယ့် Hailey အနေနဲ့ ပထဦးဆုံး Justin ရဲ့ စိတ်ကျန်းမာရေးကောင်းမွန်လာဖို့ ပိုအရေးကြီးတဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။ Justin တို့စုံတွဲဟာ ပြီးခဲ့တဲ့နှစ်က စေ့စပ်ပွဲ ကျင်းပထားပေမယ့်လည်း အခမ်းအနားကိုတော့ အကျဉ်းချုံးလေးပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးသား မင်္ဂလာပွဲကျင်းပမယ်ဆိုတဲ့သတင်းဟာ သင့်အတွက် အတူးအဆန်း သတင်းတစ်ပုဒ် မဟုတ်ပေမယ့် နောက်ဆုံးရရှိတဲ့ မင်္ဂလာပွဲသတင်းကို မျှဝေပေးခြင်းသာဖြစ်ပါတယ်။ Justin တို့စုံတွဲဟာ ၂၀၁၈ ခုနှစ် စက်တာဘာလတုန်းက တိတ်တဆိတ် စေ့စပ်ထားကြပြီး တရားဝင် အကြင်လင်မယားတွေ ဖြစ်နေကြပေမယ့်လည်း သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ တစ်ကမ္ဘာလုံးက စောင့်မျှော်လျက်ရှိနေပါတယ်။
https://www.instagram.com/p/Bx8N1_ZHN_-/?utm_source=ig_embed
People Magazine မှလည်း Justin တို့ မင်္ဂလာပွဲကို ရက်ရွှေ့ဆိုင်းခဲ့တာဟာ အကြိမ်ပေါင်းမနည်းသလို အဓိကအနေနဲ့ Justin ရဲ့ စိတ်ကျန်းမာရေး အပြည့်အဝ ပြန်လည်ကောင်းမွန်လာတဲ့အချိန်ကို စောင့်နေခြင်းဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ ထို့အပြင် Hailey မှလည်း အမျိုးသား Justin ကို အပြည့်အဝ ကူညီစောင့်ရှောက်လျက်ရှိတဲ့အကြောင်းကိုလည်း အတည်ပြု ဖော်ပြထားပါတယ်။
https://www.instagram.com/p/BvcVgLZnaOm/?utm_source=ig_embed
“ သူတို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်တဲ့အချိန်ကျရင် မင်္ဂလာပွဲကျင်းပသွားမှာပါ။ အခုလက်တလောမှာ အရေးကြီးဆုံးကတော့ Justin ရဲ့ ကျန်းမာရေးအခြေအနေပဲပေါ့။ Justin အနေနဲ့လည်း စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါတွေကနေ တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေပြီလည်း ဖြစ်ပါတယ် . . . ” ဆိုပြီး ဖော်ပြထားပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share