HomeEntertainmentAmerica's Got Talent ပြိုင်ပွဲမှာ Gabrielle Union ရဲ့ ပထမဦးဆုံးသော Golden Buzzer ကိုရရှိခဲ့တဲ့ စိတ်ဝေဒနာရှင်...

America’s Got Talent ပြိုင်ပွဲမှာ Gabrielle Union ရဲ့ ပထမဦးဆုံးသော Golden Buzzer ကိုရရှိခဲ့တဲ့ စိတ်ဝေဒနာရှင် အဆိုတော်လေး။

- Advertisement -

မကြာသေးခင်က America’s Got Talent ပြိုင်ပွဲကြီးမှာ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေရဲ့ နှလုံးအသည်းအိမ်ကို လှုပ်ခါသွားတဲ့ အဆိုတော်လေးတစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။ သူလေးကတော့ အသက် ၂၂အရွယ် စိတ်ဝေဒနာရှင်လေး Kodi Lee ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အမေဖြစ်သူ Tina Lee က သူ့ကိုတွဲပြီး စင်ပေါ်ကို တက်လာခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို မကြည့်ရသေးတဲ့သူတွေကတော့ သူကဘာလို့ သူ့အမေနဲ့အတူ တွဲတက်လာတာလဲ? သူ့အမေကပါ သူ့နဲ့အတူတူ   ဖျော်ဖြေတင်ဆက်မှာလား? ဆိုတဲ့  မေးခွန်းတွေ ထုတ်ကောင်းထုတ်ပါလိမ့်မယ်။

အကြောင်းအရင်းအမှန်ကတော့ Kodi ဟာ မျက်မမြင်တစ်ယောက် ဖြစ်တာကြောင့်ရော၊ စိတ်ဝေဒနာရှင်ဖြစ်တဲ့အတွက်ပါ ဒိုင်လူကြီးတွေမေးတဲ့  မေးခွန်းကို ကူဖြေပေးဖို့အတွက် သူ့ကိုတွဲပြီး စင်ပေါ်ကို တက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒါဆို Kodi နဲ့ ပတ်သက်တဲ့ ဘယ်အရာကများ လူတွေကို အံ့အားသင့်စေခဲ့တာလဲ? Kodi ဟာ မျက်စိမမြင်တာတောင်မှ ပီယာနိုကို  ကောင်းစွာတီးနိုင်တယ်။ စိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်နေတာတောင်မှ သီချင်းကို ဝါရင့်အဆိုတော် တစ်ယောက်လို သီဆိုနိုင်တယ်။ ဒါတွေကပဲ ဒိုင်တွေကိုသာမက ကြည့်ရှုသူတွေကိုပါ အံ့အားသင့်စေခဲ့တာပါ။ Kodi ဟာ စိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်ပြီး မျက်မမြင်ဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့အားနည်းချက်တွေကို ဆင်ခြေလုပ်ပြီး ဘဝကိုအရှုံးမပေးတဲ့အကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ သူဟာ သာမန်အချိန်မှာ စိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်ပေမယ့် ပီယာနိုတီးရင်း သီချင်းသီဆိုတဲ့အခါမှာ တခြားသူတစ်ယောက်အဖြစ် ချက်ချင်းပြောင်းလဲသွားတာပဲဖြစ်ပါတယ်။

- Advertisement -

https://www.youtube.com/watch?v=pDPdRYF7hTQ&feature=youtu.be

- Advertisement -

ဒါတွေကိုမြင်တွေ့ခံစားရတဲ့ ဒိုင်တွေဟာ သူ့ရဲ့အရည်အချင်းကို မချီးကျူးဘဲ ဘယ်လိုမှ မနေနိုင်တော့တဲ့အဆုံးမှာ အသက်၄၆နှစ်အရွယ် ဝါရင့်အနုပညာရှင် Gabrielle Union က Golden Buzzer ကို ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ ခုဆိုရင်လည်း Kodi ဟာ America’s Got Talent ပြိုင်ပွဲကို လာရောက်ကြည့်ရှုသူတွေသာမက၊ တစ်ကမ္ဘာလုံးကလူတွေရဲ့ အာရုံစိုက်မှုကို ရရှိထားပြီးဖြစ်တဲ့အတွက်  နောက်ထပ်ပြိုင်ပွဲစဉ်တွေမှာ Kodi တစ်ယောက် ဘယ်လိုမျိုး  ဖျော်ဖြေတင်ဆက်မှုတွေ   ပြုလုပ်သွားမလဲဆိုတာကို အားလုံးက စိတ်ဝင်တစားစောင့်မျှော်နေတော့မှာပါ။ Soshwe ပရိသတ်ကြီးလည်း Kodi Leeရဲ့ ဖျော်ဖြေတင်ဆက်မှုကို မကြည့်ရှုရသေးဘူးဆိုရင် ကြည့်ရှုဖို့အတွက် တိုက်တွန်းလိုက်ပါတယ်နော်။

 

#SY(Soshwe)

#SoshweEntertainment

#soshweForyourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...