HomeEntertainment"Game of Thrones" ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း ထူးထူးခြားခြား အမှတ်တရကို ပြောပြခဲ့တဲ့ Jason Momoa

“Game of Thrones” ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း ထူးထူးခြားခြား အမှတ်တရကို ပြောပြခဲ့တဲ့ Jason Momoa

- Advertisement -

Game of Thrones ဇာတ်ကားထဲမှာ Khal Drogo ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ Aquaman မင်းသား Jason Momoa ကို Soshwe စာဖတ်ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။ Jason က Game of Thrones ဇာတ်ကားကို ရိုက်နေတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ ထူးထူးခြားခြား အမှတ်တရတစ်ခုကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဓာတ်ပုံလေးတစ်ပုံနဲ့တွဲပြီး ဖော်ပြခဲ့ဖူးပါတယ်။

https://www.instagram.com/p/BxObgz6FRlG/?utm_source=ig_embed

Game of Thrones ဇာတ်ကား ပထမပိုင်းရိုက်ပြီးလို့ ခေတ္တခဏ အနားယူခွင့်ရတဲ့အချိန်မှာ Jason နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ မွေးရပ်မြေ အမေရိကန်ပြည်ထောင်စုကြီးကို ပြန်ဖို့အတွက် လေယာဉ်လက်မှတ်ခ မတတ်နိုင်လို့ ကားတစ်စီးငှားပြီး Ireland ရဲ့ ရှုခင်းတွေကိုခံစားရင်း ကားနဲ့ပဲပြန်ခဲ့ရတာ ဖြစ်ပါတယ်။

- Advertisement -

https://www.instagram.com/p/Bx9Rv2lg5HE/?utm_source=ig_embed

- Advertisement -

ဒီအကြောင်းနဲ့ပတ်သက်ပြီး Jason က ‘သက်တောင့်သက်သာ အိမ်မပြန်ခဲ့ရလေခြင်း’ ဆိုပြီး နောင်တရကာ အဆိုးမြင်တဲ့စိတ်နဲ့ ပြောထားတာမဟုတ်ပါဘူး။ ယခုလိုမျိုး သဘာဝအလှတရားကြီးကို ပျော်ပျော်ကြီးရှုစားကာ သူငယ်ချင်းတွေနဲ့ အိမ်ပြန်ခဲ့ရတာဟာ ပျော်စရာကောင်းပြီး သူ့ဘဝအတွက် မမေ့နိုင်တဲ့ အမှတ်တရတွေထဲက တစ်ခုဖြစ်ကြောင်းကို အကောင်းဖက်ကနေ ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Jason ပြောထားတဲ့ စကားတွေထဲမှာ သဘောကျနှစ်သက်စရာ အကောင်းဆုံးကတော့ ” ဒီအမှတ်တရလေးဟာ အရိုးရှင်းဆုံးဆိုပေမယ့် မေ့မရနိုင်ဆုံးသော အမှတ်တရလေးပါ။ ” ဆိုတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေက ” အရိုးရှင်းဆုံးသည်သာ အလှပဆုံးဖြစ်တယ်။ ” လို့ ဆိုစမှတ်ပြုကြတာပဲ ဖြစ်ပါတယ်။

<Unicode Version>

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...