HomeTechအိန္ဒိယနိုင်ငံ Gujarat ပြည်နယ်မှာ PUBG ဂိမ်းကစားခွင့်ကို ဘာကြောင့် ပိတ်သိမ်းလိုက်ရတာလဲ ? ? ?

အိန္ဒိယနိုင်ငံ Gujarat ပြည်နယ်မှာ PUBG ဂိမ်းကစားခွင့်ကို ဘာကြောင့် ပိတ်သိမ်းလိုက်ရတာလဲ ? ? ?

- Advertisement -

အိန္ဒိယနိုင်ငံက ဂိမ်းကစားရတာကို နှစ်သက်တဲ့လူငယ်တွေအတွက်တော့ “PUBG ဂိမ်းကစားခွင့်ကို ပိတ်သိမ်းလိုက်ပြီ” ဆိုတဲ့ သတင်းက  နွေခေါင်ခေါင်မှာ မိုးကြိုးပစ်သလို၊ နေ့ခင်းကြောင်တောင်မှာမက်တဲ့ အိမ်မက်ဆိုးကြီးတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ လူငယ်တွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ကိုယ်နှစ်သက်တဲ့အရာဖြစ်တဲ့ ဂိမ်းကစားရင်း အပန်းဖြေတာလေ… ဘယ်သူ့ကိုဒုက္ခပေးနေလို့လဲ? ဆိုတဲ့  မေးခွန်းမျိုး  မေးကောင်းမေးလိမ့်မယ်။ သို့သော်လည်း အိန္ဒိယအာဏာပိုင်တွေ PUBG နဲ့ ပတ်သက်ပြီးတွေးတဲ့ပုံက တစ်မျိုးဖြစ်နေပါတယ်။

PUBG ဆိုတာက အင်တာနက်ပေါ်မှာ လူတွေစုပြီးစစ်တိုက်ရတဲ့ ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်တာတွေ သေနတ်နဲ့ပစ်တာတွေလည်းပါတာပေါ့။ ဒီဂိမ်းကို ကမ္ဘာတစ်ဝှမ်းလုံးကလည်း ကစားကြသလို ယခုလက်ရှိမှာ Mobile Legends ဆိုတဲ့ ဂိမ်းနဲ့အပြိုင် လူငယ်တွေကြား ခေတ်စားနေတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ အိန္ဒိယအာဏာပိုင်တွေက လူငယ်တွေဟာ ဒီဂိမ်းကိုဆော့ရင်း စိတ်ဓာတ်တွေပိုကြမ်းတမ်းလာပြီး အကြမ်းဖက်လိုစိတ်တွေ များလာမှာကို စိုးရိမ်ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံ Gujarat ပြည်နယ်ရဲ့ အနောက်ပိုင်းမြို့ဖြစ်တဲ့ Ahmedabad မြို့မှာ  PUBGဂိမ်းကစားခွင့်ကို ပိတ်သိမ်းလိုက်တာပဲဖြစ်ပါတယ်။ ဂိမ်းတစ်ခုအတွက်နဲ့ တိုင်းပြည်အာဏာပိုင်တွေကပါ ဝင်ပါလာရတယ်ဆိုတော့ ဒါဟာနည်းနည်းတော့ စိုးရိမ်စရာပါပဲ။

ဒီလိုမျိုးသတင်းကြေငြာထားဆဲမှာပဲ Ahmedabad မြို့ရဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာ PUBG ဂိမ်းကို လူစုပြီးဆော့နေတဲ့ လူငယ်လေးတွေဟာ ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦးဟာလည်း တစ်နေ့လုံး PUBG ဂိမ်းကိုပဲ ဆော့နေတာမို့ သူ့ရဲ့အမေဖြစ်သူက ဒီဂိမ်းထဲမှာ ရက်ရက်စက်စက် သတ်ဖြတ်တာမျိုးတွေ ပါတဲ့အတွက် ဖျက်သိမ်းပေးစေလိုတဲ့ သဘောမျိုး  တောင်းဆိုတာမျိုး ဖြစ်ခဲ့ပါသေးတယ်။

- Advertisement -

စိတ်ပညာပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင်လည်း ဒီလိုမျိုးသတ်ဖြတ်တာတွေပါတဲ့ ဂိမ်းကို ကစားသူတော်တော်များများဟာ အပြောအဆို၊ အပြုအမူတွေကအစ ကြမ်းတမ်းလာပြီး ဂိမ်းထဲမှာ သူတို့ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း ပြင်ပမှာ အမှန်တကယ်  ပြုလုပ်နိုင်တာမို့ မိဘတွေကလည်း အလွန်အမင်း စိုးရိမ်လာကြတာဖြစ်ပါတယ်။

- Advertisement -

ယခုချိန်မှာဆိုရင်တော့ Gujarat ပြည်နယ်ရဲ့ အနောက်ပိုင်းမြို့ဖြစ်တဲ့ Ahmedabad မြို့မှာ PUBG ဂိမ်းကစားခြင်းကို ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် နောက်မကြာခင်မှာ အိန္ဒိယနိုင်ငံက ဘယ်မြို့တွေမှာ ပိတ်သိမ်းခံရဦးမလဲဆိုတာကို  PUBG ဂိမ်းကစားသူ  တော်တော်များများက စိုးရိမ်ခြင်းများစွာနဲ့ စောင့်စားနေကြပါတယ်။ တချို့လူငယ်တွေကလည်း တစ်နေ့ကို ၆နာရီခန့် ပေးကစားဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်များသို့ ခွင့်တောင်းအကြံပြုတာတွေရှိလာခဲ့ပါတယ်။

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

8 + 14 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...