HomeEntertainmentသခင်ဖြစ်သူ Dave နဲ့ အတူ Britain Got Talent ပြိုင်ပွဲရဲ့ Final ကိုတက်ရောက်သွားခဲ့တဲ့ ခွေးလေး Finn...

သခင်ဖြစ်သူ Dave နဲ့ အတူ Britain Got Talent ပြိုင်ပွဲရဲ့ Final ကိုတက်ရောက်သွားခဲ့တဲ့ ခွေးလေး Finn (ရုပ်/သံ)

- Advertisement -

ယခုတစ်ပတ်၌ ကျင်းပခဲ့သည့် BGT ပွဲစဉ်၌ ရဲတပ်ဖွဲ့ဝင်ဖြစ်သူ Dave နဲ့ သူ့ရဲ့ ပါတနာခွေး Finn တို့သည် ဒိုင်လူကြီးများ နဲ့ ပရိသတ်များထံမှ မဲအများဆုံး ရရှိခဲ့ပြီး နောက်ဆုံးဖိုင်နယ် အဆင့်ကို တိုက်ရိုက်တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ခွေးတစ်ကောင်ပင်ဖြစ်သည့် Finn သည် တစ်ဖက်သားရဲ့ စိတ်ကို အကောင်းဆုံး ဖတ်ရှုနိုင်သလို သူနဲ့ (၇) နှစ်အကြာ လက်တွဲခဲ့သည့် Dave တို့အကြား၌လည်း ပိုမိုနက်နဲသည့် စိတ်ချင်းဆက်သွယ်မှုများ ရှိနေခြင်းလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် Dave သည် ဒိုင်လူကြီးတစ်ဦးဖြစ်သူ David ကို ကြိုက်နှစ်သက်ရာ စကားလုံးတစ်လုံးကို ချရေးခိုင်းခဲ့ပြီး Dave က တစ်ဖက်သို့ လှည့်နေချိန်၌ David က သူရေးသားထားသည့် Table ဆိုသည့် စကားလုံးတစ်လုံးကို Finn အားပြသခဲ့ပါတယ်။ ထို့နောက် Finn မှ Dave နားသို့ သွားရောက်ကာ သူတို့အကြား မည်သူမျှမသိနိုင်သည့် ဆက်သွယ်မှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် Dave က Table ဆိုသည့် စကားလုံးကို မှန်ကန်အောင် ပြန်လည်ပြောကြားနိုင်ခဲ့ပါတယ်။

Finn သည် သူ့ရဲ့ သခင်ဖြစ်သူ Dave ကိုလည်း သူ့ရဲ့ အသက်နဲ့ရင်းကာ ကာကွယ်ပေးခဲ့ဖူးပြီး သူတို့ရဲ့ မှတ်တမ်းဗီဒီယိုကို ပြန်လည်ပြသချိန်၌ ပရိသတ်များ၊ ဒိုင်လူကြီးများနဲ့ အစီအစဉ်တင်ဆက်သူများလည်း မျက်ရည်ကျခဲ့ရပါတယ်။ နောက်ဆုံး Final ပွဲစဉ်နဲ့ ပတ်သက်၍လည်း Dave က “ကျွန်တော်တို့မှာ အိုင်ဒီယာတွေ အများကြီးရှိပြီး ဟယ်လီကော်ပတာတွေလည်း ပါဝင်လာဖို့ ရှိပါတယ်။ Finn က မနေ့ကတစ်နေ့လုံး အတော်ပင်ပန်းနေခဲ့ပြီး ကျွန်တော်တို့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ မမျှော်လင့်ခဲ့ပါဘူး။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

- Advertisement -

ယခုတစ်ပတ်၌ကျင်းပခဲ့သည့် ဆီမီးဖိုင်နယ် ပြိုင်ပွဲများ၌ Rosie and Adam, KNE, Akshat Singh, Brian Gilligan နဲ့ Tony Rudd တို့ အားလုံးပြိုင်ပွဲက ထွက်ခဲ့ရပြီး ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရကာ လာမည့် ရက်သတ္တပတ်အနည်းငယ်၌ Dave နဲ့ Finn တို့ နှစ်ဦးကို Britain Got Talent ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်၌ ပြန်လည်မြင်တွေ့ရတော့မည်လည်း ဖြစ်ပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × 5 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...