HomeSportယူနိုက်တက်အသင်းက နာမည်ကြီး ကစားသမားများကို ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း ဂယ်ရီနဗီးလ်ပြောကြား။

ယူနိုက်တက်အသင်းက နာမည်ကြီး ကစားသမားများကို ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း ဂယ်ရီနဗီးလ်ပြောကြား။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်းကြီး ဂယ်ရီနဗီးလ်က အသင်းအနေနဲ့ ပြီးခဲ့သည့် ဘောလုံးရာသီ၌ အခြေအနေဆိုးများနဲ့ ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် လက်ရှိ နွေရာသီ အပြောင်းအရွှေ့၌ နာမည်ကြီး ကစားသမားများကိုဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ၌ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရခြင်းကြောင့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလ၌ အလိုရှိသည့် နာမည်ကြီး ကစားသမားများကို ခေါ်ယူရန် အခက်အခဲရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ပေမယ့် ဂယ်ရီနဗီးလ်ကမူ ငွေကြေးအင်အားဖြင့် နာမည်ကြီး ကစားသမားများကို ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်က “ယူနိုက်တက်အသင်းက လက်ရှိ အချိန်အထိ နာမည်ကျော် ကစားသမားတွေကို ဆွဲဆောင်နိုင်ဦးမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ (၆) နှစ်၊ (၇) နှစ်အတွင်းမှာ ကစားသမားကောင်းတွေ ဒီအသင်းကို ရောက်လာတာ မြင်တွေ့ခဲ့ရလို့ပါ။ ယူနိုက်တက်အသင်းက ပရိသတ်အားပေးမှု အပြည့်အဝ ရရှိထားတဲ့ အသင်းဆိုတဲ့နေရာကနေ ဘယ်တော့မှ သွေဖည်သွားမှာ မဟုတ်ဘဲ ခက်ခဲတဲ့အခိုက်အတန့်တွေ၊ ခက်ခဲတဲ့ အချိန်တွေရှိခဲ့တာတော့ အမှန်ပါပဲ။”

“ငွေကြေးက လက်ရှိအချိန်မှာ ပြိုင်ပွဲအားလုံးအတွက် အဓိပ္ပါယ်ရှိလာပြီး အသင်းအနေနဲ့ အောင်မြင်မှု ရနေချိန်မှာတောင် ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ် နဲ့ ဘာစီလိုနာအသင်းတွေဆီကို ကစားသမားကောင်းတွေ  ရောင်းချခဲ့ရပါတယ်။ (၂၀၀၀) ပြည့်နှစ်အလယ်ပိုင်းမှာ ရော်ဘင်ကို ချဲလ်ဆီးအသင်းထံ လက်လွှတ်ခဲ့ရသလို နာဆရီကလည်း မန်စီးတီး အသင်းထံ ပါသွားခဲ့ပါတယ်။ ဖာဂူဆန် ဒီအသင်းမှာ ရှိနေချိန်မှာလည်း အခုလိုတွေ မဖြစ်ဘူးလို့ မထင်ပါနဲ့။ လက်ရှိ ယူနိုက်တက် ကစားသမားတွေ ဘာစီလိုနာကို ပြောင်းဖို့သတင်းထွက်တာလည်း ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒါတွေက အရင်တည်းက အမြဲတမ်းဖြစ်ပျက်ခဲ့တာပါ။”

- Advertisement -

 

- Advertisement -

“ဒီအခြေအနေတွေက ကံမကောင်းတာ၊ ဒုက္ခရောက်နေတာမျိုး မဟုတ်သလို နည်းပြကြောင့်၊ ကစားသမားကြောင့်လည်း မဟုတ်ပါဘူး။ တစ်ခါတလေတော့ ဒီလို အခြေအနေမျိုးတွေဖြစ်တတ်ပြီး  အောင်မြင်မှုရနေချိန်မှာတောင် ဒါတွေက ဖြစ်တတ်ပါတယ်။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#Soshwesports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 5 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...