HomeSportယူနိုက်တက် ကစားသမားတစ်ဦးကို ခေါ်ယူသင့်ကြောင်း အာဆင်နယ်အသင်းကို တိုက်တွန်းလိုက်သည့် လောရင့်။

ယူနိုက်တက် ကစားသမားတစ်ဦးကို ခေါ်ယူသင့်ကြောင်း အာဆင်နယ်အသင်းကို တိုက်တွန်းလိုက်သည့် လောရင့်။

- Advertisement -

အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းကြီး လောရင့်က အသင်းအနေနဲ့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ် ကစားသမားတစ်ဦးဖြစ်သူ အလက်ဆစ်ဆန်းချက်ဇ်ကို ပြန်လည်ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားမှုများ  ပြုလုပ်သွားခဲ့ပါတယ်။ ဆန်းချက်ဇ်သည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဆောင်းရာသီ အပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်သူ မီခီတာရန်နဲ့ ကစားသမားအလဲအထပ် ပြုလုပ်ကာ အာဆင်နယ်အသင်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌မူ အီတလီစီးရီးအေကလပ် အသင်းများထံ ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်လျက်ရှိနေပြီဖြစ်ပါတယ်။

ဆန်းချက်ဇ်သည် ယူနိုက်တက်အသင်းရဲ့ လစာအများဆုံး ကစားသမားတစ်ဦးဖြစ်သည့်တိုင်အောင် အသင်းအတွက် လုံလောက်သည့် ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ယခုလိုပဲ အသင်းက ထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်ပြီး လောရင့်ကမူ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားဟောင်း ဆန်းချက်ဇ်ကို ပြန်လည်ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားလိုက်ခြင်းလည်း ဖြစ်ပါတယ်။

လောရင့်က “ဆန်းချက်ဇ်က ထိပ်တန်း ကစားသမားတစ်ယောက်ဖြစ်ပြီး အာဆင်နယ်အသင်းက ထိပ်တန်းကစားသမားတွေကို အမြဲတမ်းကြိုဆိုနေမှာပါ။ ဆန်းချက်ဇ်က ပွဲကစားခွင့်မရရှိတာကြောင့် လက်ရှိအချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ အကောင်းဆုံး အခြေအနေမှာမရှိဘဲ တကယ်လို့ အူနိုင်းအမ်မရီသာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ပြန်လည်ပြုပြင်ပေးနိုင်မယ်ဆိုရင် သူရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည်ပြသနိုင်ပါလိမ့်မယ်။ သူက ဘယ်လို ကစားသမားမျိုးဖြစ်မလဲဆိုတာလည်း မူတည်ပြီး အူနိုင်းအမ်မရီသာ အာဆင်နယ်အသင်းအတွက် သူ့ကိုရလိုက်ရင် ကျေနပ်စရာဖြစ်ပါလိမ့်မယ်။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဆန်းချက်ဇ်သည် အာဆင်နယ်အသင်း၌ ကစားခဲ့သည့် (9၃) နှစ်ခွဲတာကာလအတွင်း၌ အသင်းအတွက် ပြိုင်ပွဲစုံ (၁၆၆) ပွဲကစားပြီး သွင်းဂိုး (၈၀) အထိ သွင်းယူပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

 

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nineteen + seven =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...