HomeEntertainmentအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ။

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ။

- Advertisement -

၁။ Cameron Diaz & Drew Barrymore

Charlie’s Angels သရုပ်ဆောင်တွေဖြစ်ကြတဲ့ Cameron နဲ့ Barry တို့ရဲ့ သိကျွမ်းခဲ့ပုံက ဆန်းကြယ်လှပါတယ်။ ထိုအချိန်တုန်းက Barry တစ်ယောက် ကော်ဖီဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း Cameron မှာ ပုံမှန်လာရောက်သုံးဆောင်သူတစ်ယောက် ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ အခုချိန်မှာဆိုရင်တော့ ညီအစ်မရင်းချာတွေလိုတောင် ဖြစ်နေခဲ့ပါပြီ။

- Advertisement -

 

- Advertisement -

၂။ Jennifer Anniston & Courtney Cox

Jennifer နဲ့ Courtney တို့နှစ်ဦးစလုံးဟာ တစ်ဦးအတွက်တစ်ဦး လိုအပ်တဲ့အချိန်အတိုင်း အမြဲအဆင်သင့်ရှိနေတဲ့ ညီအစ်မတွေပဲဖြစ်တယ်ဆိုပြီး ထုတ်ဖော်ပြောဆိုထားကြပါတယ်။

 

၃။ George Clooney & Julia Roberts

Ocean’s Eleven ရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ George နဲ့ Julia တို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်သိကျွမ်းခဲ့ပြီး အခုချိန်မှာတော့ အလွန်ရင်းနှီးကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြပါပြီ။

 

- Advertisement -

၄။ Sandra Bullock & Ryan Reynolds

THE PROPOSAL, from left: Ryan Reynolds, Sandra Bullock, 2009. Ph: Sam Emerson/©Walt Disney Studios Motion Pictures/Courtesy Everett Collection

Sandra နဲ့ Ryan တို့ဟာ မိသားစုတွေကဲ့သို့ပင် အလွန်ခင်မင်ရင်းနှီးကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးသား ပါဝင်သရုပ်ဆောင်ထားတဲ့ The Proposal ဇာတ်ကားမှစတင်ကာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှု စတင်ခဲ့ခြင်းဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးထားခဲ့ပါတယ်။

 

၅။ Leonardo DiCaprio & Kate Winslet

၁၉၉၀ ခုနှစ်ကျော်လောက်က ရိုက်ကူးခဲ့တဲ့ Titanic ဇာတ်ကားကြီးထဲမှ အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကိုတော့ ပြောစရာမလိုလောက်တော့ဘူးလို့ ထင်ပါတယ်။

 

၆။ Adele & Jennifer Lawrence

အဆိုတော် Adele နဲ့ သရုပ်ဆောင် Jennifer တို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကိုတော့ အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ သူတို့နှစ်ယောက်ဟာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်ဆိုတာပါပဲ။

 

၇။ Taylor Swift & Blake Lively

အမြဲတမ်းလိုလို တပူးပူး တတွဲတွဲ တွေ့မြင်ရတဲ့ သူတို့နှစ်ယောက်ကို ပရိသတ်အချို့ကပင် မိန်းကလေး အချစ်တော်အတွဲဆိုပြီး သတ်မှတ်ထားကြပါတယ်။

 

၈။ Katy Perry & Allison Williams

Katy နဲ့ Allison တို့နှစ်ယောက်ဟာ စိတ်ချင်းဆက်သွယ်နေကြတဲ့ ညီအစ်မတွေလိုမျိုး ခင်မင်ကြသူတွေပဲဖြစ်ပါတယ်။

 

၉။ Matt Damon & Ben Affleck

Matt Damon နဲ့ Ben Affleck တို့ရဲ့ သူငယ်ချင်းသက်တမ်းဟာ ၃၅ နှစ်ကြာရှိပြီပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေဖြစ်ကြတာ ၃၅ နှစ်ကြာပြီဆိုကတည်းက သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသံယောဇဉ်ကို မှန်းဆလို့ရမှာပါ။

 

၁၀။ Nicole Kidman & Naomi Watts

 

၁၁။ Beyonce & Kelly Rowland

 

၁၂။ Will Smith & Tom Cruise

<Unicode Version>

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eight + eleven =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...