HomeSportအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကို ရောင်းချတော့မည့် ဘာစီလိုနာအသင်း။

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကို ရောင်းချတော့မည့် ဘာစီလိုနာအသင်း။

- Advertisement -

စပိန်လာလီဂါကလပ် ဘာစီလိုနာ အသင်းသည် အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သည့် လူးဝစ်ဆွာရက်ဇ်ကို ရောင်းချရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ (၂၀၁၄) ခုနှစ်၌ လီဗာပူး အသင်းထံမှ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ဆွာရက်ဇ်သည် အသင်းအတွက် ပြိုင်ပွဲစုံ (၂၄၇) ပွဲကစားပြီးချိန်၌ သွင်းဂိုး (၁၇၇) ဂိုးသွင်းယူပေးထားနိုင်သည့် တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး လာလီဂါအမှတ်ပေးဖလား (၄) ကြိမ်၊ ကိုပါဒယ်ရေးဖလား (၄) ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သည့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

ဒါပေမယ့် အသက် (၃၂) နှစ်အရွယ်သို့ ရောက်ရှိလာပြီဖြစ်သည့် ဆွာရက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ၌ ခြေစွမ်းပိုင်းသိသိသာသာ ကျဆင်းလာခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၂၅) ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲ အပါအဝင် လာလီဂါနောက်ဆုံး (၃) ပွဲဆက်တိုက်ကိုလည်း ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆွာရက်ဇ်အနေနဲ့ လက်ရှိဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပါက လာမယ့် ဇွန်လအတွင်း၌ စတင်ယှဉ်ပြိုင်ကစားမည့် ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရပါတယ်။

- Advertisement -

ဒ့ါအပြင် အသင်းဟောင်း လီဗာပူး အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရသည့်ပွဲ၌လည်း ခြေစွမ်းမပြနိုင်ခဲ့သည့်ဆွာရက်ဇ်ကို ဘာစီလိုနာအသင်းတာဝန်ရှိသူများက  ရောင်းချဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပြီး လက်ရှိအချိန်၌မူ ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးရန်အတွက် အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်း၊ စပါးအသင်းရဲ့ တိုက်စစ်မှူး လော်ရန်တေးတို့ကို ပစ်မှတ်ထားလျက်ရှိကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read