HomeEntertainmentSpider- Man 3 ၌ Deadpool ကို မိတ်ဆက်ဖွယ်ရှိသည့် Marvel

Spider- Man 3 ၌ Deadpool ကို မိတ်ဆက်ဖွယ်ရှိသည့် Marvel

- Advertisement -

လတ်တလော ထွက်ပေါ်နေသည့် သတင်းများအရ Marvel စတူဒီယိုသည် Deadpool ဇာတ်ကောင်ကို  နောက်ပိုင်းထွက်ရှိလာမယ့် ဇာတ်လမ်းများ၌ ထည့်သွင်းသွားရန် ပြင်ဆင်နေပြီး နည်းလမ်း (၃) မျိုးကို စဉ်းစားလျက်ရှိကြောင်း သိရှိရပါတယ်။ ပထမနည်းအနေနဲ့ Deadpool ကို သီးသန့်ဇာတ်ကောင်အနေဖြင့် ဇာတ်ကားတစ်ကား ရိုက်ကူးရန်ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ Disney ဇာတ်ကားပုံစံမျိုး အတွဲလိုက်ရိုက်ကူးရန် ဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ဆုံးနည်းမှာမူ အသစ်ထွက်ရှိလာမည့် Spider- Man ဇာတ်ကားဖြစ်သည့် Far From Home ၌ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်လာရန်ဖြစ်ကြောင်း သိရှိရပါတယ်။

လက်ရှိအချိန်အထိ အဆိုပါ သတင်းများအပေါ် 21st Century Fox ဖက်မှ အတည်ပြုခြင်းမရှိသေးပေမယ့် ပရိသတ်အများစုမှာမူ Deadpool နဲ့ Spider- Man တို့ရဲ့ အပြန်အလှန် သရုပ်ဆောင်ပုံများကို ကြည့်ရှုခွင့် ရရှိရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်အထိ Far From Home ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားနဲ့ ပတ်သက်ပြီး မည်သည့်အချက်အလက်ကိုမျှ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့် တစ်ချိန်ချိန်၌မူ Deadpool နဲ့ Spider- Man တို့ တွဲဖက် သရုပ်ဆောင်ဖြစ်ကြဖွယ်ရှိကြောင်း သတင်းများက ခန့်မှန်းရေးသားလျက်ရှိပါတယ်။

- Advertisement -

အဆိုပါသတင်းများကို Marvel Cinematic Universe ရဲ့ ရာနှုန်းပြည့် ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်မှ ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ Deadpool ကို မည်သည့်ပုံစံမျိုးနဲ့ ထည့်သွင်းသွားမည်ဆိုခြင်းကိုမူ ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read