HomeSportယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် ရေပန်းစားလာသည့် အေဂျက်စ်နောက်ခံလူ ဒီလစ်ဂ်။

ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် ရေပန်းစားလာသည့် အေဂျက်စ်နောက်ခံလူ ဒီလစ်ဂ်။

- Advertisement -

အေဂျက်စ်အသင်းရဲ့ အသက် (၁၉) နှစ်အရွယ် နောက်ခံလူ ဒီလစ်ဂ်သည် လက်ရှိနွေရာသီ အပြောင်းအရွှေ့၌ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ရန် ပိုမိုရေပန်းစားလာကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အဆိုပါ နယ်သာလန် လက်ရွေးစင်နောက်ခံလူကို လက်ရှိနွေရာသီ အပြောင်းအရွှေ့၌ ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများစွာက စိတ်ဝင်စားလျက်ရှိပြီး ယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က အနီးစပ်ဆုံး အနေအထားအထိ ကြိုးစားလျက်ရှိနေကြခြင်းလည်း ဖြစ်ပါတယ်။

ကနဦး၌ ဒီလစ်ဂ်အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရန် ပိုမိုရေပန်းစားခဲ့သော်လည်း မာကာသတင်းစာရဲ့   ဖော်ပြချက်အရ ဒီလစ်ဂ်အနေနဲ့ လက်ရှိအချိန်၌ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရန် စိတ်မဝင်စားတော့ဘဲ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရန်အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းသည် လာမယ့် ဘောလုံးရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့သည့်တိုင်အောင် ဘာစီလိုနာအသင်းထက် ပိုမိုများပြားသည့် လစာငွေ ပမာဏနဲ့ ကစားသမားကို ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

- Advertisement -

ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသည့်တိုင်အောင် ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ ဒီလစ်ဂ်ကိုယ်တိုင်က လာမယ့် ဘောလုံးရာသီ၌ မည်သည့်ကလပ်အသင်းကို ပြောင်းရွှေ့ဖြစ်မည်ဆိုခြင်းကို အတိအကျ မပြောနိုင်သေးကြောင်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read