HomeSportယူနိုက်တက်အသင်းကြောင့် စိတ်ထိခိုက်နေရသည့် ဖာဂူဆန်။

ယူနိုက်တက်အသင်းကြောင့် စိတ်ထိခိုက်နေရသည့် ဖာဂူဆန်။

- Advertisement -

ယူနိုက်တက်အသင်းသည် အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားကို ခန့်အပ်ခဲ့ချိန်က အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ကို မတိုင်ပင်ဘဲ လျစ်လျူရှုခဲ့ခြင်းကြောင့် ဖာဂူဆန်ကိုယ်တိုင်က စိတ်ထိခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။ အသက် (၇၇) နှစ်အရွယ် ဖာဂူဆန်သည် ယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် (၂၆) နှစ်တာ ကာလအတွင်း၌ ဆုဖလားပေါင်း (၃၉) ခုအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း၌မူ ယူနိုက်တက်အသင်းအနေနဲ့ အဆင့် (၄) အတွင်းဝင်ရန်အတွက်ပင် ခက်ခက်ခဲခဲရုန်းကန်လျက်ရှိနေခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဘောလုံးရာသီ၌လည်း ယူနိုက်တက်အသင်းသည် အဆိုးရွားဆုံး ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာ၌ ဇာတ်သိမ်းကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို ဖလားလက်မဲ့ရာသီတစ်ခုကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက နည်းပြဟောင်းမော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ကာ ရလဒ်ကောင်းများ ရရှိခဲ့ခြင်းကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းသည် ဆိုးလ်ရှား အမြဲတမ်းနည်းပြဖြစ်ချိန်မှ စတင်ကာ ပြိုင်ပွဲစုံ နိုင်ပွဲ (၂) ပွဲသာ ရရှိခဲ့ပြီး ယခုကဲ့သို့ပင် ရာသီသိမ်းခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

လက်ရှိအချိန်၌ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ဖာဂူဆန်သည် ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြ ရာထူးအတွက် စပါးအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ခန့်အပ်စေရန် ဆန္ဒရှိခဲ့ပေမယ့် ကလပ်အသင်းဖက်မှ အမြဲတမ်း နည်းပြ ရာထူးအတွက် သူ့ကို မတိုင်ပင်ခဲ့ခြင်းအပေါ် စိတ်ထိခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဖာဂူဆန်အနေနဲ့ အသင်းကို ဆိုးလ်ရှားစတင်ကိုင်တွယ်ချိန်မှစ၍ အသင်းနဲ့ပတ်သက်သည့် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခွင့် မရရှိတော့သလို ခံစားနေရကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read