HomeEntertainmentမင်္ဂလာနှစ်ပတ်လည်နေ့၌ ဇနီးသည် Kardashian ကို Surprise လုပ်ခဲ့သည့် Kanye West

မင်္ဂလာနှစ်ပတ်လည်နေ့၌ ဇနီးသည် Kardashian ကို Surprise လုပ်ခဲ့သည့် Kanye West

- Advertisement -

အသက် (၄၁) နှစ်အရွယ် ရက်ပ်အဆိုတော် Kanye West သည် သူ့ရဲ့ ဇနီးသည်ဖြစ်သူ Kim Kardashian ကို မင်္ဂလာသက်တမ်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Las Vegas ၌ ကျင်းပပြုလုပ်ခဲ့သည့် Celine Dion ရဲ့ ဖျော်ဖြေပွဲကို ခေါ်ဆောင်သွားပြီး Surprise လုပ်ခဲ့ကြောင်း သိရှိရပါတယ်။ Kanye ရဲ့ Surprise နဲ့ ပတ်သက်၍လည်း Kardashian က “သူက ကျွန်မကို ဗီးဂတ်စ်မြို့က Celine Dion ရဲ့ ဖျော်ဖြေပွဲမှာ Surprise ဒိတ်တစ်ခုလုပ်ခဲ့ပါတယ်။” ဟု သူမရဲ့ အင်စတာဂရမ် Story မှ တစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့ပါတယ်။

Kanye နဲ့ Kardashian တို့ နှစ်ဦးသည် ပြီးခဲ့သည့် မေလ (၂၄) ရက်နေ့က မင်္ဂလာသက်တမ်း (၅) နှစ် ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး Kardashian က “လွန်ခဲ့တဲ့ (၅) နှစ်မှာ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းနဲ့ မင်္ဂလာဆောင်ခဲ့ပါတယ်။” ဟု သူမရဲ့ အင်စတာဂရမ် Story ၌ Snap ပုံများကို အတွဲလိုက် တင်ထားခဲ့ပါတယ်။ ဒါ့အပြင် မေလ (၂၂) ရက်နေ့ကလည်း သူမအပါအဝင်၊ Kanye West ၊ Celine Dione တို့ သုံးယောက်အတူ တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ထားခဲ့ပြီး “ကျွန်မတို့ရဲ့ (၅) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ရောက်ရှိဖို့ နီးစပ်နေပါပြီ။ ကျွန်မတို့က ပဲရစ်ကနေ အီတလီကို လေယာဉ်နဲ့လာခဲ့ပြီး အချိန်မှီရောက်ဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။”

- Advertisement -

“ပွဲကျင်းပတဲ့နေရာကို ရောက်တော့ ကျွန်မခန်းမတံခါးကို တွန်းဖွင့်ပြီး လျှောက်လမ်းအတိုင်း အမြန်ဆုံး လမ်းလျှောက်သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်မှာ Andrea Bocelli က စပြီး ဖျော်ဖြေနေပြီလေ။ ကျွန်မ ဒါကို လက်လွှတ်မခံခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်း သူဖြစ်နေတာကို ကျွန်မ ခန်းမထဲဝင်သွားမှ သိခဲ့ရပြီး အရမ်းကို အံ့သြမိခဲ့ပါတယ်။ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ အမှတ်တရတွေပါပဲ။” ဟုလည်း Caption ရေးသားခဲ့ပါသေးတယ်။

- Advertisement -

- Advertisement -

 

 

ဂရမ်မီဆု (၅) ကြိမ်အထိ ရရှိထားပြီး “Because You Loved Me” သီချင်း၊ “It’s All Coming Back to Me Now” သီချင်းများနဲ့ ပရိသတ်များကို ဖမ်းစားနိုင်ခဲ့သည့် အသက် (၃၈) နှစ်အရွယ်ရှိပြီဖြစ်သူ Kardashian သည် Celine Dione ရဲ့ ဖျော်ဖြေပွဲ အခမ်းအနားသို့ အဖြူရောင်တောက်တောက် ဝတ်စုံ နဲ့ လက်အိတ်တို့ကို ဝတ်ဆင်လာခဲ့သည့် ပုံရိပ်များကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Kanye West နဲ့ Kardashian တို့ နှစ်ဦး၌ မင်္ဂလာ သက်တမ်း (၅) နှစ်အတွင်း သားသမီး (၄) ဦးအထိ ထွန်းကားခဲ့ပြီး အငယ်ဆုံးကလေးဖြစ်သည့် Psalm ကို ပြီးခဲ့သည့် မေလ (၉) ရက်နေ့ကမှ မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read