HomeEntertainmentTaylor Swift တစ်ယောက် အင်တာဗျူးမည့် သတင်းထောက်များကို တားဆီးပိတ်ပင်လိုက်တဲ့အကြောင်းရင်း။

Taylor Swift တစ်ယောက် အင်တာဗျူးမည့် သတင်းထောက်များကို တားဆီးပိတ်ပင်လိုက်တဲ့အကြောင်းရင်း။

- Advertisement -

မကြာမီရက်ပိုင်းအချို့က သတင်းထောက်တစ်ယောက်ကနေ Taylor အား အသက် ၃၀ ပြည့်ခါနီးပြီဖြစ်သော်လည်း မိသားစုဘဝ စတင်ရန် အစီအစဉ်ရှိ၊ မရှိဆိုတဲ့မေးခွန်းအပေါ် Taylor မှ  မပျော်မရွှင်ဖြစ်ခဲ့ရပြီး သတင်းထောက်များမေးမြန်းမှုများကို ပြန်လည်တုန့်ပြန်ခဲ့ခြင်းမျိုး မပြုလုပ်တော့ပါဘူး။

Taylor ရဲ့ သီချင်းအသစ်ဖြစ်တဲ့ “ ME! ” အယ်လ်ဘမ် နယ်လှည့်ဖျော်ဖြေပွဲဟာ သူမအတွက် အဓိပ္ပာယ်တွေအများကြီး ပြည့်နှက်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဖျော်ဖြေပွဲအတွင်း သူမအနေနဲ့ Shaving Cream ကို ဆပ်ပြာအဖြစ် ထင်ခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ရုံသာမက ရည်းစားဟောင်းဖြစ်သူ Joe Jonas နဲ့ ပြတ်စဲခဲ့ခြင်းအပေါ် သူမအနေနဲ့ တောင်းပန်ခဲ့တဲ့အကြောင်း၊ ထို့အပြင် Joe Jonas ရဲ့ ဇနီးချောလေးဖြစ်တဲ့ Sophie Turner နဲ့ အင်တာဗျူးတစ်ခုမှာ တွေ့ဆုံခဲ့တဲ့အကြောင်း စသဖြင့် Taylor Swift ရဲ့ အကြောင်းအရာတွေဟာ သတင်း၊ မီဒီယာတွေအကြား မျက်စိကျစရာ ဖြစ်ခဲ့ရပါတယ်။

- Advertisement -

မကြာသေးမီကမှ သတင်းထောက်တစ်ယောက်မှ Taylor အနေနဲ့ အသက် ၃၀ ပြည့်ခါနီးပြီဖြစ်သော်လည်း ကလေးယူဖို့ အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးမြန်းမှုအပေါ် Taylor မှ စိတ်ပျက်ခဲ့ရပြီး ထိုအချိမှစတင်ကာ သတင်းထောက်တွေရဲ့ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ တုံ့ပြန်ခြင်းမျိုး မရှိတော့ပါဘူး။ သို့သော်လည်းပဲ Taylor မှာ သူမရဲ့ Relationship ကို သိုသိုသိပ်သိပ် ထိန်းသိမ်းထားလေ့ရှိပြီး  ရည်းစားဖြစ်သူ Joe Alwyn နဲ့ အဆင်ပြေလျက်ရှိပါတယ်။ ဒါ့အပြင် သူတို့နှစ်ဥိးသား  စေ့စပ်ကြောင်းလမ်းလိုက်ပြီဆိုတာကိုလည်း အချို့ပရိသတ်တွေက လက်ခံယုံကြည်လျက်ရှိပါတယ်။

- Advertisement -

 

- Advertisement -

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read