ပြီးခဲ့တဲ့ရက်အချို့က Miley Cyrus တစ်ယောက် သီချင်းအသစ် ၃ ပုဒ်ကို Music Festival တစ်ခုအတွင်း စတင်သီဆိုခဲ့ကာ ထိုအထဲမှ သီချင်းတစ်ပုဒ်ဟာ Cardi B နဲ့ Nicki Minaj တို့အကြား ဖြစ်ပျက်နေတဲ့ ပြသာနာအချို့ကို မီးမောင်းထိုးပြနေပါတယ်။
ကမ္ဘာတစ်ဝှမ်း ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ အမေရိကန် ရက်ပ်အဆိုတော်နှစ်ယောက်ဖြစ်ကြတဲ့ Cardi B နဲ့ Nicki Minaj တို့ ပြသာနာတွေအကြား Miley Cyrus အပြည့်အဝထောက်ခံခဲ့သူမှာ Cardi B ပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဟာ Celebrity တွေအကြား အဆင်မပြေမှုတွေ အများဆုံးဖြစ်တဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရပြီး Kardashians ညီအစ်မတွေနဲ့ Jordyn Woods / Tristan Thompson တိုရဲ့ပြသာနာကအစ ဗြိတိန်တော်ဝင်မင်းသားတွေဖြစ်ကြတဲ့ မင်းသားဟယ်ရီနဲ့ မင်းသားဝီလျံတို့ရဲ့ အချင်းချင်း အဆင်မပြေမှုတွေအဆုံးထိ ဖြစ်ပွားခဲ့ပါတယ်။ အခုလို ရက်ပ်အကျော်အမော်နှစ်ယောက် ပြသာနာဖြစ်ရတဲ့ အကြောင်းရင်းကတော့ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလအတွင်း ပါတီပွဲတစ်ခုမှာ Cardi B မှ Nicki Minaj ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ရာကနေစတင်ကာ ကြီးမားတဲ့ပြသာနာတွေ ဖြစ်ပေါ်ခဲ့ခြင်းပဲဖြစ်ပါတယ်။
Miley Cyrus မှလည်း ပြီးခဲ့တဲ့ရက်အချို့က BBC Radio မှ ကျင်းပပြုလုပ်တဲ့ Music Festical တစ်ခုမှာ သီချင်းအသစ် ၃ ပုဒ်နဲ့အတူ တက်ရောက်ဖျော်ဖြေခဲ့ပါတယ်။ ထိုသီချင်း အသစ် ၃ ပုဒ်ထဲမှာမှ “ Cattitude ” လို့အမည်ရတဲ့သီချင်းဟာ Nicki နဲ့ Cardi တို့အကြား ဖြစ်ပျက်နေတဲ့ ပဋိပက္ခကို မီးမောင်းထိုးပြနေပြီး Miley မှ “ I Love You Nicki, But I Listen to Cardi ” ဆိုတဲ့ ရက်ပ်စာသားကို ထည့်သွင်းသီဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာတစ်ခုက ထိုသီချင်းအသစ်ကို Miley အနေနဲ့ Spotify / ITunes နဲ့ Youtube တို့မှာ တရားဝင် ထုတ်လွှင့်ထားခြင်း မရှိသေးပါဘူး။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share