HomeEntertainment"Game Of Thrones" ဇာတ်လမ်းတွဲနဲ့ပက်သက်ပြီး ဝေဖန်သူတွေကို ဂရုမစိုက်ကြောင်းပြောဆိုလိုက်တဲ့ Kit Harington

“Game Of Thrones” ဇာတ်လမ်းတွဲနဲ့ပက်သက်ပြီး ဝေဖန်သူတွေကို ဂရုမစိုက်ကြောင်းပြောဆိုလိုက်တဲ့ Kit Harington

- Advertisement -

Game of Thrones ဇာတ်ကားကြီးရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းကိုကြည့်ပြီးတဲ့ ပရိသတ်တချို့က အားရကျေနပ်ကာ ကြိုက်နှစ်သက်ကြသော်လည်း တချို့ကတော့ အပြင်းအထန်ဝေဖန်ကန့်ကွက်ကြပါတယ်။ တချို့ပရိသတ်တွေကလည်း ဒီဇာတ်သိမ်းပိုင်းကြီးတစ်ခုလုံးကို အစအဆုံးပြန်ရိုက်ပေးဖို့ အသနားခံစာတွေတောင်ပို့ခဲ့ကြပါတယ်။

ဒီဇာတ်လမ်းထဲမှ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Jon Snow အဖြစ် သရုပ်ဆောင်ထားတဲ့ Kit Harington ကတော့ အင်တာဗျူးတစ်ခုမှာ   နောက်ဆုံးဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်တဲ့သူတွေ၊ အစအဆုံးပြန်ရိုက်ပေးဖို့တောင်းဆိုတဲ့သူတွေကို ပြန်လည်ချေပလိုက်ပုံက စိတ်ဝင်စားစရာကောင်းပါတယ်။

- Advertisement -

“ဇာတ်သိမ်းပိုင်းကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီး ရုပ်ရှင်ကြည့်သူတွေက ဘယ်လိုပဲခန့်မှန်းထားပါစေဗျာ သူတို့ခန့်မှန်းထားတာနဲ့ လွဲသွားတော့ သူတို့တွေ ပြင်းပြင်းထန်ထန်ဝေဖန်ကြတယ်။ ပြန်ပြင်ပေးဖို့တောင်းဆိုကြတယ်။ သူတို့ခုလိုမျိုး သူတို့ရဲ့အထင်နဲ့အမြင်တွေကိုပေါင်းပြီးတော့ ဝေဖန်လေကန်တာက တစ်နာရီအတွင်း ပြီးသွားနိုင်တယ်။ ဒီဇာတ်သိမ်းပိုင်းကိုရိုက်ဖို့အတွက် ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့သားတစ်ခုလုံး ဘယ်လောက်ထိကြိုးစားခဲ့ရလဲ။ ဘယ်လောက်ထိ လူပင်ပန်းစိတ်ပင်ပန်းခံခဲ့ရလဲ။ အိပ်ပျက်ညပေါင်းများစွာကိုဘယ်လိုကျော်ဖြတ်ခဲ့ရလဲ ဆိုတာကို ကျွန်တော်တို့ပဲသိတယ်။ ဒါကိုတောင်မှမကျေနပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ကလည်း ဂရုမစိုက်ရုံပဲရှိတာပေါ့ဗျာ . . .” ဆိုပြီး ဝေဖန်သူတွေကို တုံ့ပြန်ခဲ့ပါတယ်။

- Advertisement -

- Advertisement -

နောက်ဆုံးအပိုင်းကို ပြန်လည်ရိုက်ကူးပေးဖို့အတွက် သဘောတူတဲ့ ကြည့်ရှုသူ ပရိသတ်ပေါင်း ၁သန်းကျော်နေပြီပဲ ဖြစ်ပါတယ်။ “Game of Thrones” ရဲ့ ဇာတ်သိမ်းပိုင်းဖြစ်တဲ့ အပိုင်း(၆) ကလည်း ကမ္ဘာတစ်ဝှမ်းလုံးကို ထုတ်လွင့်ပြသပြီးသွားပြီပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ Kit က ” ကြည့်ရှုသူပရိသတ်တွေက သဘောမကျဘူးဆိုတော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သူအားလုံးက သူ့နေရာနဲ့သူအကောင်းဆုံးကြိုးစားခဲ့ကြတာပါပဲဗျာ။” ဆိုပြီး ပြောပြခဲ့ပါတယ်။ ကြည့်ရှုသူပရိသတ်တွေရဲ့အစွန်းရောက်မှုကို သည်းမခံနိုင်တာက Kit တစ်ယောက်တည်း မဟုတ်ပါဘူး။ Sophie Turner ကလည်း “ကြည့်ရှုသူတွေ ဒီလိုမျိုးလုပ်တာကတော့ ရုပ်ရှင်အဖွဲ့သားတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ၊ ရုပ်ရှင်တီထွင်ရိုက်ကူးသူတွေရဲ့ ကြိုးစားမှုကို အသိမှတ်မပြုရာရောက်ပါတယ် . . .” လို့လည်း ဆိုခဲ့ပါတယ်။

ဇာတ်သိမ်းပိုင်းတစ်ခုလုံးကို ပြင်စေချင်တဲ့သူတွေရှိနေပေမယ့်လည်း ဒါရိုက်တာနဲ့ ရုပ်ရှင်ထုတ်လုပ်သူတို့ရဲ့ တုန့်ပြန်မှုကိုဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read