လက်တလောမှာတော့ အသက်၂၅ နှစ်အရွယ် Justin Bieber တစ်ယောက် Ed Sheeran နဲ့တွဲဖက်ပြီး “I Don’t Care” ဆိုတဲ့ သီချင်းကို ထုတ်လွှင့်ဖြန့်ချီခဲ့ပါတယ်။ Justin Bieber ရဲ့ ချစ်ဇနီးလေး Hailey Baldwin ကလည်း သဘာဝအလှပိုင်ရှင်လေးမို့ Justin တစ်ယောက်ကလည်း သဘာဝပစ္စည်းတွေကို အဓိကထားပြီး အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ Schmidt’s နဲ့ ပူးပေါင်းကာ သဘာဝချွေးနံ့ပျောက်ဆေး ထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။
https://www.instagram.com/p/BxuiTcLnTWO/?utm_source=ig_embed
Schmidt’s CEO နဲ့ Co-founder ဖြစ်သူ Michael Cammarata က “ကျွန်တော်တို့က အခု Justin Bieber နဲ့ ပူးပေါင်းပြီးတော့ သဘာဝသစ်ပင်၊ ပန်းမန်းတွေနဲ့ပဲ ရောစပ်ပြုလုပ်ထားတဲ့ ချွေးနံ့ပျောက်ဆေးကို ထုတ်လုပ်ရောင်းချတော့မှာပါ။ ဒါကတော့ သဘာဝဆန်တာကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ R&D အဖွဲ့သားတွေကလည်း Justin Bieber နဲ့ သေချာဆွေးနွေးပြီး ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့မျှော်လင့်တာကတော့ ဒီပစ္စည်းလေးကို ကျွန်တော်တို့ သဘောကျနှစ်သက်သလိုမျိုး Justin သာမက သူ့ရဲ့ပရိသတ်တွေကပါ လက်ခံပေးပြီး သဘောကျနှစ်သက်တာမျိုးပါ။ ဒါက အသုံးပြုစရာပစ္စည်းတစ်ခုတည်း မဟုတ်ဘဲ လူတွေရဲ့လူနေမှုအဆင့်အတန်းနဲ့လည်း သက်ဆိုင်ပါတယ်။ အခုထုတ်လုပ်မယ့် ပစ္စည်းလေးက သေးငယ်ပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေတဲ့ ပစ္စည်းမျိုးပဲဖြစ်တယ်။” လို့ PEOPLE မဂ္ဂဇင်းကပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
ဒီသဘာဝကိုအခြေခံထားတဲ့ ချွေးနံ့ပျောက်ဆေးကို Schmidt’s နဲ့ ပူးပေါင်းပြီးထုတ်နေတာနဲ့ ပတ်သက်ပြီးတော့ Justin Bieber ဖက်က မသိုဝှက်ထားပေမယ့် လူသိရှင်ကြားပြောပြထားတာတွေတော့ မရှိသေးပါဘူး။
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share