HomeEntertainmentကမ္ဘာကျော်အဆိုတော် Celine Dion နဲ့ သူမရဲ့ဖိနပ်စုဆောင်းမှုဝါသနာအကြောင်း။

ကမ္ဘာကျော်အဆိုတော် Celine Dion နဲ့ သူမရဲ့ဖိနပ်စုဆောင်းမှုဝါသနာအကြောင်း။

- Advertisement -

James Corden က ဦးဆောင်ကျင်းပပြုလုပ်တဲ့ The Late Late Show မှာ ပြာသခဲ့တဲ့ Carpool Karaoke အစီအစဉ်မှာ ကမ္ဘာကျော်ပေါ့စတား Celine Dion က သူမမှာ ဖိနပ်အရံပေါင်းသောင်းချီပြီး ရှိတာကို ဖွင့်ဟဝန်ခံခဲ့ပါတယ်။ Celine ဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ သူမတက်ခဲ့ရတဲ့ ဂီတဆုပေးပွဲပေါင်းများစွာ ၊ ဖက်ရှင်ရှိုးပွဲပေါင်းများစွာ ၊ သူမဖျော်ဖြေခဲ့တဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုပေါင်းများစွာအတွက် နာမည်ကြီးဒီဇိုင်နာတွေပြုလုပ်ထားတဲ့ ဖိနပ်တွေကိုဝယ်ယူပြီး ဝတ်ဆင်ရမှာက အသေအချာပဲဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ ခန့်မှန်းကြည့်ပါဦး။ ဖိနပ်အရံပေါင်း ၅၀၀၀ လား? ၆၀၀၀ လား ? အစီအစဉ်တင်ဆက်သူ Corden ကတော့ Celine မှာ ဖိနပ်အရံပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကို Celine မပြောပြခင်ထဲက တိတိကျကျသိထားသူပါ။

- Advertisement -

ဟုတ်ပါတယ်။ Celine မှာ ဖိနပ်အရံပေါင်း သောင်းကျော်ကိုရှိတာပါ။ ဒီလိုဆိုတော့ ဒီလောက်များတဲ့ ဖိနပ်တွေကို Celine က တစ်ပတ်ရစ်ဆိုင်ပြန်ဖွင့်တာ မဟုတ်ဘဲ၊ တခြားသူတွေကို ပေးပစ်လိုက်တာမျိုးလည်း မဟုတ်ဘဲ ဘယ်မှာများသိမ်းထားပါလိမ့် လို့ စာဖတ်ပရိသတ်ကြီးလည်း တွေးနေတော့မှာဘဲ။

- Advertisement -

တကယ်ကတော့ Celine ဟာ Les Vegas မှာ သူမရဲ့ အရံပေါင်း သောင်းချီရှိတဲ့ ဖိနပ်တွေကို သိမ်းဆည်းထားဖို့အတွက် သိုလှောင်ရုံသီးသန့်ထားခဲ့ရတာဖြစ်ပါတယ်။ Celine ကတော့ သူမဟာ ဒီဖိနပ်တွေကို ဘယ်လိုအကြောင်းနဲ့မှ စိတ်ထဲစွဲနေတာမျိုးမရှိဘူးလို့ ပြောခဲ့ပေမယ့်လည်း Corden က ကားပေါ်ကနေ သူမ မဝတ်တော့တဲ့ ဖိနပ်တွေကို လမ်းပေါ်မှာ လမ်းလျှောက်သူတွေကိုပေးနေတာကိုတော့ သိပ်ပြီးကျေနပ်ပုံမရပါဘူး။

- Advertisement -

Celine က “လူတိုင်းမှာ ကိုယ်စီရူးသွပ်မှုလေးတွေရှိကြတယ်။ အဲ့ဒီအရာတွေကပဲ တစ်ခါတစ်လေ ကျွန်မတို့ကို ပျော်ရွှင်စေတာလေ။ ကျွန်မကိုယ်တိုင်ကလည်း ဖက်ရှင်ကိုသဘောကျနှစ်သက်ပြီး အရမ်းစိတ်ဝင်စားပါတယ်။ ကျွန်မ လွန်ခဲ့တဲ့နှစ်တွေမှာ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် အခုအချိန်မှာ အဲ့ဒီမွန်းကြပ်မှုတွေကို ဖြေဖျောက်နိုင်ဖို့အတွက် ကျွန်မအဝတ်အစားလှလှလေးတွေပဲ ဝတ်တော့မှာပါ . . .” လို့ ပြောပြသွားခဲ့ပါတယ်။

<Unicode Version>

 

ကမာၻေက်ာ္အဆိုေတာ္ Celine Dion နဲ႕ သူမရဲ႕ဖိနပ္စုေဆာင္းမႈဝါသနာအေၾကာင္း။

James Corden က ဦးေဆာင္က်င္းပျပဳလုပ္တဲ့ The Late Late Show မွာ ျပာသခ့ဲတ့ဲ Carpool Karaoke အစီအစဥ္မွာ ကမာၻေက်ာ္ေပါ့စတား Celine Dion က သူမမွာ ဖိနပ္အရံေပါင္းေသာင္းခ်ီၿပီး ရွိတာကို ဖြင့္ဟဝန္ခံခဲ့ပါတယ္။ Celine ဟာ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ သူမတက္ခဲ့ရတဲ့ ဂီတဆုေပးပြဲေပါင္းမ်ားစြာ ၊ ဖက္ရွင္႐ိႈးပြဲေပါင္းမ်ားစြာ ၊ သူမေဖ်ာ္ေျဖခဲ့တဲ့ ကမာၻလွည့္ေဖ်ာ္ေျဖမႈေပါင္းမ်ားစြာအတြက္ နာမည္ႀကီးဒီဇိုင္နာေတြျပဳလုပ္ထားတဲ့ ဖိနပ္ေတြကိုဝယ္ယူၿပီး ဝတ္ဆင္ရမွာက အေသအခ်ာပဲျဖစ္ပါတယ္။

ပရိသတ္ေတြအေနနဲ႔ ခန္႔မွန္းၾကည့္ပါဦး။ ဖိနပ္အရံေပါင္း ၅၀၀၀ လား? ၆၀၀၀ လား ? အစီအစဥ္တင္ဆက္သူ Corden ကေတာ့ Celine မွာ ဖိနပ္အရံေပါင္း ဘယ္ေလာက္ရွိတယ္ဆိုတာကို Celine မေျပာျပခင္ထဲက တိတိက်က်သိထားသူပါ။

ဟုတ္ပါတယ္။ Celine မွာ ဖိနပ္အရံေပါင္း ေသာင္းေက်ာ္ကိုရွိတာပါ။ ဒီလိုဆိုေတာ့ ဒီေလာက္မ်ားတဲ့ ဖိနပ္ေတြကို Celine က တစ္ပတ္ရစ္ဆိုင္ျပန္ဖြင့္တာ မဟုတ္ဘဲ၊ တျခားသူေတြကို  ေပးပစ္လိုက္တာမ်ိဳးလည္း မဟုတ္ဘဲ ဘယ္မွာမ်ားသိမ္းထားပါလိမ့္ လို႔ စာဖတ္ပရိသတ္ႀကီးလည္း ေတြးေနေတာ့မွာဘဲ။

တကယ္ကေတာ့ Celine ဟာ Les Vegas မွာ သူမရဲ႕ အရံေပါင္း  ေသာင္းခ်ီရွိတ့ဲ ဖိနပ္ေတြကို သိမ္းဆည္းထားဖို႔အတြက္ သိုေလွာင္႐ံုသီးသန္႔ထားခဲ့ရတာျဖစ္ပါတယ္။ Celine ကေတာ့ သူမဟာ ဒီဖိနပ္ေတြကို ဘယ္လိုအေၾကာင္းနဲ႔မွ စိတ္ထဲစြဲေနတာမ်ိဳးမရွိဘူးလို႔ ေျပာခဲ့ေပမယ့္လည္း Corden က ကားေပၚကေန သူမ မဝတ္ေတာ့တဲ့ ဖိနပ္ေတြကို လမ္းေပၚမွာ လမ္းေလွ်ာက္သူေတြကိုေပးေနတာကိုေတာ့ သိပ္ၿပီးေက်နပ္ပံုမရပါဘူး။

Celine က “လူတိုင္းမွာ ကိုယ္စီ႐ူးသြပ္မႈေလးေတြရွိၾကတယ္။ အဲ့ဒီအရာေတြကပဲ တစ္ခါတစ္ေလ ကၽြန္မတို႔ကို ေပ်ာ္ရႊင္ေစတာေလ။ ကၽြန္မကိုယ္တိုင္ကလည္း ဖက္ရွင္ကိုသေဘာက်ႏွစ္သက္ၿပီး အရမ္းစိတ္ဝင္စားပါတယ္။ ကၽြန္မ လြန္ခဲ့တဲ့ႏွစ္ေတြမွာ အခက္အခဲေတြ ရင္ဆိုင္ႀကံဳေတြ႔ခဲ့ရေပမယ့္ အခုအခ်ိန္မွာ အဲ့ဒီမြန္းၾကပ္မႈေတြကို  ေျဖေဖ်ာက္ႏိုင္ဖို႕အတြက္ ကၽြန္မအဝတ္အစားလွလွေလးေတြပဲ ဝတ္ေတာ့မွာပါ . . .” လို႔ ေျပာျပသြားခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read