HomeLifeStyleမြေး (၁၁) ယောက်ရှိ အသက် (၅၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ ကြည်နူးဖွယ်ရာ အဖြစ်အပျက်။

မြေး (၁၁) ယောက်ရှိ အသက် (၅၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ ကြည်နူးဖွယ်ရာ အဖြစ်အပျက်။

- Advertisement -

ကျွန်တော်တို့အားလုံး ငယ်ငယ်ကတည်းက ကြားဖူးတဲ့ စကားပုံတစ်ခုကို အားလုံး မှတ်မိကြဦးမယ် ထင်မှာပါ။ “ ပညာလိုသည် အိုသည်မရှိ ” ဆိုတဲ့ စကားပုံအတိုင်း နယူးယောက်မှာနေထိုင်တဲ့ မြေး (၁၁) ယောက်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ အသက် ၅၉ နှစ်အရွယ်မှာ MBA ဘွဲ့ကို ရရှိခဲ့ပါတယ်။

Qadirah Bridgeman လို့အမည်ရတဲ့ အသက် ၅၉ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးဟာ Adelphi College မှ ဘွဲ့ရပြီး ၃၇ နှစ်အကြာမှာတော့ MBA ဘွဲ့ကို ထပ်မံရရှိကာ ဥပဒေပညာရပ်ကို ဆက်လက်သင်ယူရန် ကြိုးပမ်းနေပါတယ်။ Bridgeman တွင် သားသမီး ၄ ယောက်ရှိပြီး ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားစဉ်က သူမရဲ့ အလုပ်အကိုင်နဲ့ ပညာရေးအပိုင်းကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ သားသမီး ၄ ယောက် ရရှိပြီးတဲ့အချိန်မှာလည်း ဆက်သွယ်ရေးဌာနတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး မိသားစုကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

T-Mobile Stories ရဲ့ ဆောင်းပါးတစ်ပုဒ်အရ Bridgeman ဟာ အလုပ်လုပ်နေတဲ့တစ်လျှောက်လုံး သူမရဲ့ မာစတာအတန်းကို ပြန်လည်တက်ရောက်ချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်ပေါ်နေပေမယ့်လည်း ယုံကြည်ချက် ကင်းမဲ့နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နောက်ဆုံးမှာတော့ T-Mobile ရဲ့ Program တစ်ခုကို တက်ရောက်ခဲ့ပြီး သူမရဲ့ မာစတာအိပ်မက်ကြီးကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Bridgeman မှလည်း “ ကျွန်မရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ တားဆီးနိုင်စွမ်းမရှိပါဘူး . . . ” ဆိုပြီး ဆက်သွယ်ရေးဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...