HomeEntertainmentBritain’s Got Talent မှာ ဒိုင်အားလုံးကို မျက်လုံးအပြူးသားဖြစ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ စုံတွဲ။ (ရုပ်/သံ)

Britain’s Got Talent မှာ ဒိုင်အားလုံးကို မျက်လုံးအပြူးသားဖြစ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ စုံတွဲ။ (ရုပ်/သံ)

- Advertisement -

Britain’s Got Talent ပြိုင်ပွဲဝင် စုံတွဲနှစ်ယောက်ဖြစ်သည့် James Harrington နဲ့ Marina Milani တို့ နှစ်ဦးသည် အခြားသူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဖတ်ပြပြီး ဒိုင်လူကြီးများကို အံ့သြမှင်သက်စေခဲ့တယ်လို့ သိရှိရပါတယ်။ James သည် သူ့ပါတနာရဲ့ မျက်လုံးကို အဝတ်ဖြင့်စည်းကာ ဒိုင်လူကြီး Amanda Holden ရဲ့ ခုံကို သွားရောက်ခဲ့ပြီး ပစ္စည်းအများအပြား ထည့်ထားသည့် အိပ်အတွင်းမှ ဖုန်းအားသွင်းကြိုးကို ဆွဲထုတ်ခဲ့ပြီး Marina က James ရဲ့ လုပ်ရပ်ကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သလို James က Tom Ford ရေမွှေ့းပုလင်းကို ထုတ်ယူချိန်၌လည်း Marina က James ရဲ့ လုပ်ရပ်ကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပါတယ်။

 

- Advertisement -

 

- Advertisement -

အဲ့ဒီနောက်တွင်မူ Marina သည် စတိတ်စင်ပေါ်ရှိ ဒိုင်ဖြစ်သူ Amanda ကို နံပါတ် (၁) မှ (၁၀၀) အထိ ကြိုက်နှစ်သက်ရာ ဂဏန်းတစ်ခုကို ရွေးချယ်ခိုင်းခဲ့ပြီး အဆိုပါ ဂဏန်းတစ်ခုချင်းစီရဲ့ ဘေး၌ နိုင်ငံပေါင်း (၁၀၀) ရဲ့ နာမည်များကို ချရေးထားပါတယ်။ Amanda သည် နံပါတ် (၉၇) နဲ့ အီတလီနိုင်ငံကို ရွေးချယ်ခဲ့ပြီး နိုင်ငံရဲ့ နာမည်ကိုမူ သူမရဲ့ စိတ်ထဲမှာသာ မှတ်ထားပေးရန် Marina က မှာကြားခဲ့ပါတယ်။ အဆိုပါ အချိန်၌ James သည် စင်အောက်ရှိ ဒိုင်ဖြစ်သူ Simon ဆီသို့ ရောက်ရှိနေပြီး အဲ့ဒီနောက် Marina နဲ့ James တို့ နှစ်ဦးအကြား ထူးဆန်းသည့် လက်အမူအရာနဲ့ ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြကာ James က “Italy” ဟု ချရေးထားသည့် စာရွက်တစ်ရွက်ကို ထုတ်ပြခဲ့ချိန်၌ ဒိုင်လူကြီး (၄) ယောက်လုံးက မှင်သက်ခဲ့ရပြီး နောက်တစ်ဆင့်ကို တက်ရောက်ရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အဆိုပါပြိုင်ပွဲဝင် နှစ်ယောက် နဲ့ ပတ်သက်၍လည်း ဒိုင်ဖြစ်သူ Amanda က “သူတို့ ဒါကို ဘယ်လိုလုပ်ခဲ့ကြလဲ ကျွန်မစဉ်းစားလို့မရပါဘူး။ ဒါက တကယ်ကို အံ့အားသင့်စရာဖြစ်ပြီး သူတို့အတွဲက အကောင်းဆုံး စွမ်းဆောင်ခဲ့ကြပါတယ်။” ဟု မှတ်ချက်ပြုသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 + fourteen =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...