HomeLifeStyleကောလိပ်ကျောင်းသား အယောက် (၄၀၀) ကျော်ရဲ့ ချေးငွေများကို ဆပ်ပေးသွားမည့် ဘီလျံနာတစ်ဦး။

ကောလိပ်ကျောင်းသား အယောက် (၄၀၀) ကျော်ရဲ့ ချေးငွေများကို ဆပ်ပေးသွားမည့် ဘီလျံနာတစ်ဦး။

- Advertisement -

ဘီလျံနာတစ်ဦးဖြစ်သည့် Robert F. Smith သည် မေလ (၁၉) ရက်နေ့၌ Morehouse ကောလိပ်မှ ချီးမြင့်သည့် ဂုဏ်ပြုဆုကို လက်ခံရရှိပြီးနောက် ကျောင်းသားများကို မိန့်ခွန်းပြောကြားရာ၌ သူ့အနေနဲ့  ကျောင်းသားများရဲ့ ချေးငွေများကို ဆပ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းကြေညာသွားခဲ့ပါတယ်။ Smith သည် ယခုနှစ် အစောပိုင်းကလည်း ကျောင်းအတွက် ဒေါ်လာ (၁.၅) သန်း ကို လှူဒါန်းခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်၌ ယခုကဲ့သို့ ကျောင်းသားများရဲ့ ချေးငွေကို ကူညီဆပ်ပေးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။

Smith အနေနဲ့ ယခုတစ်ကြိမ်ကူညီမှုက ဒေါ်လာသန်း (၄၀) ခန့် ကုန်ကျဖွယ်ရှိပြီး ဘွဲ့ရကျောင်းသား (၄၀၀) နီးပါးရဲ့ ချေးငွေများကို အရင်ဦးဆုံး ဆပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ Dormeus ဟု အမည်ရသည့် အသက် (၂၂) နှစ်အရွယ် စီးပွါးရေးဘွဲ့ရ ကျောင်းသားတစ်ဦးသည် ဒေါ်လာ (၉) သောင်းအကြွေးတင်ရှိနေပြီး Smith ရဲ့ ယခုကဲ့သို့ ကူညီခြင်းအပေါ် “ကျွန်တော်အရမ်းကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

- Advertisement -

Tonga Releford ဟုအမည်ရသည့် ဘွဲ့ရကျောင်းသားတစ်ယောက်ရဲ့ မိခင်ဖြစ်သူကလည်း “ကျွန်မအတွက်တော့ တကယ့်ကို မိခင်များနေ့ အစစ်အမှန်လို့ ခံစားလိုက်ရပါတယ်။” ဟု ဖွင့်ဟပြောကြားခဲ့ပြီး သူမရဲ့ သားဖြစ်သူ Charles ရဲ့ ချေးငွေ ဒေါ်လာ (၇) သောင်းကို Smith က ကူညီဆပ်ပေးမည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိပါတယ်။ တနင်္ဂနွေနေ့မနက်က ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနား၌ Smith က “ဘတ်စ်ကားပေါ်မှာ ရောက်နေရုံနဲ့ ကျွန်တော်တို့က အောင်မြင်ဖို့ မလုံလောက်ပါဘူး။ ခင်ဗျားတို့ ဒါကို ပိုင်ဆိုင်ချင်ရပါမယ်။ နောက်ပြီး မောင်းနှင်ချင်စိတ်ရှိရပါမယ်။ နောက်ပြီး ခင်ဗျားသွားတဲ့ လမ်းတစ်လျှောက်မှာ တတ်နိုင်သလောက် လူများများကို ခေါ်တင်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်က ခင်ဗျားတို့ရဲ့ ဘတ်စ်ကားတွေကို ဆီထည့်ပေးပြီး လူဘယ်နှစ်ယောက်ကို တင်ခေါ်သွားနိုင်လဲဆိုတာကို  စောင့်ကြည့်နေမှာပါ။” ဟု တိုက်တွန်းပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read