HomeEntertainmentBeyonce မုန်းသွားမှာကို စိုးရိမ်ပူပန်နေတဲ့ Emilia Clarke

Beyonce မုန်းသွားမှာကို စိုးရိမ်ပူပန်နေတဲ့ Emilia Clarke

- Advertisement -

လူတွေအများအပြား သေကြေပြီး ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းနိုင်တဲ့ Game of Thrones ဇာတ်လမ်းတွဲကြီးဟာ Season (၈) ခုအပြီးမှာတော့ ဇာတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။  နောက်ဆုံး ဇာတ်သိမ်းပိုင်းကို ရိုက်ကူးပြီးစီးသွားတဲ့အခါမှာတော့ သရုပ်ဆောင်တွေအနေနဲ့ မမျှော်လင့်ထားတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် အလှည့်အပြောင်းကို ရင်ဆိုင်နိုင်ဖို့ အလွန်ခက်ခဲခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားလာခဲ့ပြီး ထိုအထဲမှာတော့ Emilia Clarke က တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။

- Advertisement -

Emilia Clarke အနေနဲ့ Dany ဇာတ်ကောင်ရဲ့ အဆုံးသတ်အခြေအနေကို သိရှိပြီးနောက်ပိုင်း (၂) နှစ်ကျော်ကြာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ဆိုတာ အလွန်ခက်ခဲခဲ့သော်လည်း Beyonce နဲ့  တွေ့ဆုံခဲ့တဲ့အချိန်လောက် ခက်ခဲခဲ့ခြင်းမရှိဘူးဆိုပြီး ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

- Advertisement -

- Advertisement -

The New York Time နဲ့ အင်တာဗျူးတစ်ခုမှ Emilia အနေနဲ့ ၂၀၁၉ အော်စကာဆုပေးပွဲ ပါတီမှာ အဆိုတော် Beyonce နဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ နတ်သမီးတစ်ပါးကဲ့သို့ ခမ်းခမ်းနားနားအပြင်အဆင်တွေနဲ့ အဆိုတော် Beyonce ဟာ Emilia ဆီကို တည့်တည့်လျှောက်လာခဲ့ပြီး နှုတ်ဆက်စကားပြောကြားခဲ့ကာ Game of Thrones ဇာတ်လမ်းတွဲကို အလွန်ပဲကြိုက်နှစ်သက်ပြီး Dany ဇာတ်ကောင်မှာလည်း သူမအကြိုက်ဆုံးဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။  Emilia အနေနဲ့လည်း အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပြီး သူမဟာ Beyonce ရဲ့ ဖော်ဖြေပွဲတွေကို မလွတ်တမ်း ကြည့်ရှုအားပေးလေ့ရှိတဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီး Beyonce မှ သူမကို လာရောက်နှုတ်ဆက်ချိန်တုန်းက GOT ရဲ့ ဇာတ်သိမ်းပိုင်းကို ထုတ်ဖော်ပြောကြားချင်တဲ့စိတ်ကို ခက်ခက်ခဲခဲ ထိန်းသိမ်းထားခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

 

Emilia မှ Beyonce အား “ Game of Thrones ဇာတ်သိမ်းပိုင်းကို ကြည့်ရှုပြီး ကျွန်မကို မမုန်းသွားပါနဲ့လို့ပဲ ပြောချင်ပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဇာတ်သိမ်းပိုင်းကို ကြည့်ရှုပြီိးတဲ့ ပရိသတ်တွေအနေနဲ့လည်း Dany ကို အလွန်ပဲ စိတ်ဆိုး ဒေါသထွက်နေကြပါတယ်။ ဒါကြောင့်ပဲ Emilia အနေနဲ့ သူမရဲ့ Idol ဖြစ်သူ Beyonce မုန်းသွားမှာကို အလွန်ပဲ စိုးရိမ်နေရခြင်းပဲဖြစ်ပါတယ်။

 

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read