HomeEntertainmentPop အဆိုတော်မလေး Rita Ora နဲ့ အချစ်ရေးအရှုပ်တော်ပုံ။

Pop အဆိုတော်မလေး Rita Ora နဲ့ အချစ်ရေးအရှုပ်တော်ပုံ။

- Advertisement -

အဆိုတော်မလေး Rita Ora တစ်ယောက် သူမရဲ့ ဘဝအကြောင်းနဲ့ လက်တလော ထွက်ရှိနေတဲ့ အချစ်ရေးကောလဟာလတွေအကြောင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ပေါ့ပ်အဆိုတော်မလေး Rita ဟာ ပြီးခဲ့တဲ့ မတ်လက Spider-Man မင်းသား Andrew Garfield နဲ့ လမ်းခွဲပြတ်စဲပြီးနောက်ပိုင်း One Direction အဖွဲ့ဝင်ဟောင်း Liam Payne နဲ့ တွဲခုတ်နေတယ်ဆိုပြီး သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

- Advertisement -

Rita ကတော့ သူမအနေနဲ့ လက်ရှိအချိန်မှာ အလုပ်ကိစ္စတွေ၌သာ အာရုံစိုက်ထားပြီး အချစ်ရေးကိစ္စတွေကို စဉ်းစားချင်စိတ် မရှိသေးဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

- Advertisement -

The Sun သတင်းစာရဲ့ ထုတ်ပြန်ကြေငြာချက်အရ Rita တစ်ယောက် ပရိသတ်တွေ အာရုံစူးစိုက်နေတဲ့ အချိန်ကာလမှာ အချစ်ရေးကိစ္စကို စဉ်းစားဖို့ဆိုတာ အလွန်ခက်ခဲတယ်ဆိုပြီး ဖွင့်ပြောခဲ့တယ်လို့ သိရှိရပါတယ်။ ထိုကိစ္စနဲ့ပက်သက်ပြီး Rita မှလည်း “ တကယ်လို့ အခက်အခဲမရှိဘူးဆိုရင်တောင် အခုချိန်က အချိန်ကောင်း မဟုတ်သေးပါဘူး။ ကျွန်မအနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဘယ်လို အမျိုးသားမျိုးနဲ့မဆို ကြိုက်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိကာလမှာတော့ အလုပ်ကိစ္စတွေထဲမှာပဲ စိတ်နှစ်ထားချင်လို့ပါ . . . ” ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပါတယ်။

“ လူတွေပြောနေကြတဲ့ Liam Payne နဲ့ ပက်သက်ပြီး ထွက်ရှိနေတဲ့ ကောလာဟာလတွေကိုလည်း ကျွန်မကြားမိပါတယ်။ Liam ဟာ ကျွန်မတွေ့ဆုံဖူးတဲ့ လူတွေအများကြီးထဲကမှ လူကောင်းတစ်ယောက်ဆိုတာ ကျိန်းသေပြောရဲပါတယ်။ နောက်ပြီး ကျွန်မနဲ့ Liam တို့ဟာ အလွန်နီးစပ်တဲ့ သူငယ်ချင်းတွေသာ ဖြစ်ပါတယ်. . . ” ဆိုပြီး ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 + 2 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...