HomeSportဘောလုံးလောကမှ နောက်ဆုံးရအပြောင်းအရွှေ့သတင်းတိုများ။

ဘောလုံးလောကမှ နောက်ဆုံးရအပြောင်းအရွှေ့သတင်းတိုများ။

- Advertisement -

အာဆင်နယ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ဇာဟာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဖြင့် ကမ်းလှမ်းရန်  ပြင်ဆင်နေပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းကမူ ဇာဟာအတွက် ပေါင်သန်း (၄၀) အထိ အလိုရှိနေကြောင်း သိရှိရပါတယ်။

 

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းနည်းပြဖြစ်သူ ဇီဒန်းသည် လာမည့် နွေရာသီ အပြောင်းအရွှေ့ ၌ အသုံးပြုရန်  ပြောင်းရွှေ့ကြေး ပေါင် (၂၆၅) သန်းရရှိထားပါတယ်။

- Advertisement -

ဒါ့အပြင် ရီးရဲယ်မက်ဒရစ်အသင်းသည် သူတို့ရဲ့ပစ်မှတ် ကစားသမားတစ်ဦးဖြစ်သည့် နေမာကို PSG အသင်းက ထွက်ခွာဖို့ ကိုယ်တိုင်ဖိအားပေးရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

- Advertisement -

 

လီဗာပူး၊ မန်စီးတီးအသင်းတို့က  ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည့် လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီကို ခေါ်ယူရန် စပါးအသင်းကလည်း စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။

 

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာသည်  ရီးရဲယ်မက်ဒရစ်အသင်းသို့  ပြောင်းရွှေ့ခွင့် ရရှိရန်အတွက် လက်ရှိရနေသော လုပ်ခလစာထက် လျှော့ယူရန် ပြင်ဆင်နေပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းသည်  အေဂျက်စ်အသင်းရဲ့ ဂိုးသမားဖြစ်သူ  အိုနာနာကို ခေါ်ယူရန်  ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အေဂျက်စ်အသင်းက ပယ်ချခဲ့ကြောင်း  သိရှိရပါတယ်။

 

လီဗာပူးအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမားဖြစ်သူ အန်ဒရီကာဒိုစိုကို ခေါ်ယူရန် ဆန္ဒရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ ဂန္တဝင်နောက်ခံလူဟောင်း ကာရေဂါက လီဗာပူးအသင်းအနေနဲ့ အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ကော်တင်ဟိုကို ပြန်လည်ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

 

အဲဗာတန်အသင်းသည် ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ကော်လမ်ဝီလ်ဆင်ကို ပြောင်းရွှေ့ကြေး  ပေါင် (၃၅) သန်းနဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

 

ဘာစီလိုနာအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ  ဂရစ်ဇ်မန်းကို ခေါ်ယူရန် အပြောင်းအရွှေ့ကိစ္စရပ်များကို လာမယ့်ရက်သတ္တပတ်အတွင်း၌ အပြီးသတ် ပြင်ဆင်သွားမည်ဖြစ်ပါတယ်။

 

ယူနိုက်တက်အသင်းသည် အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေပေမယ့်  ကစားသမားဘက်က လစာတိုးတောင်းမှုကြောင့်  စာချုပ်သစ်အတွက်  ဆွေးနွေးမှုများကို  ဆိုင်းငံ့ထားကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read