HomeEntertainmentတောင်အာဖရိကနိုင်ငံ၌ တိုက်ခိုက်ခံခဲ့ရသည့် မင်းသားကြီး Arnold

တောင်အာဖရိကနိုင်ငံ၌ တိုက်ခိုက်ခံခဲ့ရသည့် မင်းသားကြီး Arnold

- Advertisement -

The Terminator ဇာတ်ကားရဲ့ ကြယ်ပွင့်မင်းသားကြီးဖြစ်သည့် အသက် (၇၁) နှစ်အရွယ် Arnold Schwarzenegger သည် တောင်အာဖရိကနိုင်ငံ၊ ယိုဟန်နက်စ်ဘတ်မြို့ရှိ Sandton Convention Centre ၌ ကျင်းပပြုလုပ်ခဲ့သည့် ကြိုးခုန်ပြိုင်ပွဲသို့ ဧည့်သည်ဒိုင်လူကြီးတစ်ဦးအဖြစ် တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲ၌ Arnold သည် ပြိုင်ပွဲသို့ လာရောက်သည့် ပရိသတ်များနဲ့ အမှတ်တရဓာတ်ပုံရိုက်ကူးနေရင်း မထင်မှတ်ဘဲ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ နောက်မှ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပါတယ်။

ကျူးလွန်သူသည် ပရိသတ်များနဲ့ ပျော်ပျော်ပါးပါး ဓာတ်ပုံများရိုက်ကူးနေသည့် မင်းသားကြီး Arnold ထံ ရုတ်တရက် ပြေးဝင်လာပြီး နောက်ကျောကို ခြေထောက်ဖြင့် ခုန်ကန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကန်ချက်သည် အလွန်ပင်အားပါပြင်းထန်ပြီး Arnold တစ်ယောက်သည်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပါတယ်။ လုံခြုံရေးဝန်ထမ်းများက ကျူးလွန်သူကို ချက်ချင်းဖမ်းဆီးထိန်းသိမ်းခဲ့သလို မင်းသားကြီး Arnold အနေနဲ့လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။

- Advertisement -

https://www.youtube.com/watch?v=1ZpFhwJ4eGM&feature=youtu.be

- Advertisement -

 

- Advertisement -

အဆိုပါဖြစ်ရပ်ရဲ့ ဗီဒီယိုက YouTube ပေါ်သို့ ရောက်ရှိလာခဲ့ပြီး ပရိသတ်များကလည်း ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝိုင်းဝန်းမှတ်ချက်ပေးခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “ငါတော့ အရမ်းကို စိတ်ဆိုးဒေါသထွက်နေပြီ။ အဲ့ဒီလူ (Arnold ကို ကန်ကျောက်ခဲ့သူ) ကို မြင်လိုက်ချိန်မှာ သူက Arnold ကို တိုက်ခိုက်တော့မယ်ဆိုတာကို သိခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် အရမ်းဝမ်းနည်းမိပါတယ်။” ဟု မှတ်ချက်ပြု  ရေးသားခဲ့သလို ယခုကဲ့သို့ ကန်ချက်ကို ခံနိုင်ရည်ရှိပြီး ဒဏ်ရာရရှိခဲ့ခြင်းမရှိသည့် Arnold ကိုလည်း ပရိသတ်များက ချီးကျူးထောပနာပြုခဲ့ကြပါသေးတယ်။

ယခုဖြစ်ရပ်၌ Arnold တစ်ယောက် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းကို သူ့ရဲ့ ပါတနာဖြစ်သူက မီဒီယာများထံ  ပြောကြားခဲ့သလို မင်းသားကြီး Arnold ကိုယ်တိုင်ကလည်း “ခင်ဗျားတို့ အားလုံးရဲ့ စိုးရိမ်မှုအတွက်  ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး။ အစက ကျွန်တော်ထင်တာ လူအုပ်ကြီးတိုးဝှေ့လာတယ်လို့ပေါ့။ ဒီလိုမျိုးတွေက အများကြီးဖြစ်ဖူးတယ်လေ။ ဗီဒီယိုတွေကို ပြန်တွေ့တော့မှ ကျွန်တော် အကန်ခံလိုက်ရမှန်း သတိထားမိတာပါ။ ဒါပေမယ့် ဒီအရူးက ကျွန်တော့်ရဲ့ Snapchat တွေကို မဖျက်ဆီးခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။” ဟု သူ့ရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် ပရိသတ်များကို   ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read