HomeEntertainmentTwilight မင်းသားချော Robert Pattinson ရဲ့ Batman ဇာတ်ကောင်နေရာအတွက် ပရိသတ်တွေရဲ့အမြင်။

Twilight မင်းသားချော Robert Pattinson ရဲ့ Batman ဇာတ်ကောင်နေရာအတွက် ပရိသတ်တွေရဲ့အမြင်။

- Advertisement -

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Game of Thrones Season 8 က ပရိသတ်များရဲ့  ရှေ့မှောက်သို့  ရောက်ရှိလာခဲ့ပေမယ့် ရုပ်ရှင်ချစ်သူများအတွက် အခြားသော စိတ်မသက်သာစရာ ကိစ္စများက ရှိနေဆဲဖြစ်ပါတယ်။ Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် (၃၃) နှစ်အရွယ် Robert Pattinson သည် လာမည့် ဇာတ်ကားများ၌ Batman ဇာတ်ကောင်နေရာအတွက် သရုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ သတင်းနဲ့ပတ်သက်ပြီး ပရိသတ်များက အလိုမကျဖြစ်လျက်ရှိနေကြခြင်းလည်း ဖြစ်ပါတယ်။

Pattinson သည် ပုံပန်းသွင်ပြင်အားဖြင့် သွေးအေးအေး နဲ့ Playboy ဟန်ပန်ရှိပြီး Twilight ဇာတ်ကားနဲ့အတူ ပရိသတ်များရဲ့ ရင်ထဲသို့ စတင်ဝင်ရောက်လာခဲ့သည့် မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၁၂) ခုနှစ်က Cosmopolis ဇာတ်ကား၊ (၂၀၁၄) ခုနှစ်မှ The Rover ဇာတ်ကားတို့၌လည်း Robert တစ်ယောက် သူ့ရဲ့ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်ချက်များဖြင့် ပရိသတ်များရဲ့ စိတ်နှလုံးအာရုံကို ဖမ်းစားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်၌မူ Pattinson ကို Batman ဇာတ်ကောင်အဖြစ် မလိုလားသည့် ပရိသတ်အရေအတွက်က များပြားလျက်ရှိကြောင်း သိရှိရပါတယ်။

- Advertisement -

- Advertisement -

Change.org မှတစ်ဆင့် ပြုလုပ်သည့် Petition ၌ လက်ရှိအချိန်အထိ ပရိသတ်အယောက် (၂၀၀) ကျော်က Pattinson တစ်ယောက် Batman ဇာတ်ကောင် Bruce Wayne အဖြစ် သရုပ်ဆောင်မည့် အစီအစဉ်ကို လက်မှတ်ထိုး ကန့်ကွက်ခဲ့ကြပြီး “Batman နဲ့ ပတ်သက်လို့ ကျေးဇူးပြုပြီး နောက်ထပ်အမှားအယွင်းတွေကို မကျူးလွန်ကြပါနဲ့တော့။ DC Universe ကို ဖျက်စီးနေတာတွေကို ရပ်တန်းက ရပ်ပါ။” ဟုရေးသားခဲ့ကြောင်း သိရှိရပါတယ်။

နောက်ထပ် Petition တစ်ခုမှလည်း “Pattinson က Batman အဖြစ် နဲ့ သရုပ်ဆောင်စရာ အကြောင်းလုံးဝမရှိဘဲ ဒါက လုံးဝကို ဟာသတစ်ခုပါပဲ။ Dark knight အတွက်အဆိုးရွားဆုံး သရုပ်ဆောင်မှု ဖြစ်လာနိုင်ပါတယ်။” ဟုလည်း လှုပ်ရှားမှုများရှိနေပါတယ်။ ဒါပေမယ့် Variety သတင်းဌာနရဲ့ ဖော်ပြချက်အရမူ Pattinson အနေနဲ့ လာမည့် (၂၀၂၁) ခုနှစ် ဇွန်လ (၂၅) ရက်နေ့၌ ထွက်ရှိလာမည့် စူပါဟီးရိုးဇာတ်ကား၌ Batman ဇာတ်ကောင်အဖြစ် ပရိသတ်များရဲ့ ရှေ့မှောက်ကို ရောက်ရှိလာရန် အခွင့်အလမ်း များပြားနေပြီလည်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...